ကျသင့် ငွေ ၉၃ ဒေါ်လာအတွက် ဒေါ်လာ ၂၀၀၀ ကို ပေးခဲ့တဲ့ ဖောက်သည်

တကယ်လို့ မိတ်ဆွေအနေနဲ့ အဆိုးမြင်တတ်စိတ်ကို ပယ်ဖျောက်ဖို့အတွက် အခုပြောပြမယ့် အကြောင်းအရာလေးက မိတ်ဆွေနှင့်ကိုက်ညီမှုရှိပါတယ်။ သေချာတာတစ်ခုကတော့ ကမ္ဘာကြီးမှာ လူကောင်းတွေကျန်ပါသေးတယ်။

မေရီလန်း၊ ချီဗေချေ့စ်က ဘလူး ၄၄ ဆိုင်ကို မကြာခဏ ရုံးပတီသီးဟင်းချိုရည်ကိုမှာသောက်တတ်တဲ့ဖောက်သည်တစ်ယောက် မကြာခဏလာလေ့ရှိပါတယ်။ သူမလာခင်မှာ စားဖိုမှူးကို သူ့အတွက် ရုံးပတီသီးဟင်းချို ကို အီးမေးလ်ပို့ပြီး ကြိုတင်မှာလေရှိပြီး ဆိုင်ကလဲ အဆင့်သင့်သောက်လို့ရအောင် ပြင်ဆင်ပေးထားပါတယ်။ ဆိုင်ရဲ့ အရက်စပ်ပေးတဲ့ လော်ရာဒယ်လီအဆိုပါ ဖောက်သည်ကို ကြိုတင်မှာတာတွေအတွက်က အပိုပေးဆောင်ရန်မလိုကြောင်းပြောပြခဲ့ပြီး ဖောက်သည်အမျိုးသားဟာ ကျသင့်ငွေ ၉၃ ဒေါ်လာအတွက် ဒေါ်လာ ၂၀၀၀ ကို တစ်မန်းနီးအဖြစ် ပေးခဲ့တဲ့ အချိန်မှာသူမ အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။

ဒီရက်ရောတဲ့ ဖောက်သည်ဟာ ဘေလ်စာရွက်ပေါ်မှာ စာဖိုမှူးအတွက် ဒေါ်လာ ၁၀၀၀ ၊ သူ့ကို ဝန်ဆောင်မှုပေးခဲ့တဲ့ လော်ရာဒယ်လီအတွက် ဒေါ်လာ ၅၀၀ နှင့် စားသောက်ဆိုင်ပိုင် ခရစ်နာဒယ်လီအတွက် ဒေါ်လာ ၅၀၀ ဆိုပြီးနာမည်တပ်ပြီး ပေးခဲ့တာပါ။ ဆိုင်ရှင် နာဒယ်လီက သူရဲ့ ရက်ရောပေးကမ်းမှုကို ကျေးဇူးတင်စကားဆိုခဲ့တဲ့အချိန်မှာတော့ ဒီဖောက်သည် ဟာ သူဒီလိုမျိုးငွေပိုပေးခဲ့တာက “ဖောက်သည်ဖြစ်ရတာ ဂုဏ်ယူလို့ပါ” ဆိုပြီးပြောကြားခဲ့တာပါ။ ဒါအပြင် ဘေလ်စာရွက်ပေါ်မှာလဲ ” ဒီရုံးပတီးသီးဟင်းချိုအတွက် ကျေးဇူးပါလို့” ရေးခဲ့ပါသေးတယ် ဒါဟာ အရသာကောင်းမွန်ကြောင်း ရိုးရိုးရှင်းရှင်းလေးဂုဏ်ပြုခဲ့တာမျိုးပါ။ သူကတော့ ပျော်ရွှင်ကျေနပ်မှုအပြည့်ရှိတဲ့ ဖောက်သည်တစ်ဦးလို့ဆိုရမှာပေါ့။

နာဒယ်လီနှင့်စားဖိုမှူးကတော့ သူတို့ရရှိခဲ့တဲ့ ဝေစုကို သူတို့ကလေးတွေရဲ့ ပညာရေးအတွက် အသုံးပြုမှာဖြစ်ပြီး ဝန်ဆောင်မှုပေးခဲ့တဲ့သူကတော့ သူရဲ့နွေရာသီသင်တန်းတွေအတွက်အသုံးချသွားမယ့် အစီစဉ်ရှိကြောင်းပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*