
အသက် ၉နှစ်အရွယ်ကလေးမလေးဟာ အခန်းတံခါးပိတ်ပြီး စကားတွေတီးတိုးပြောနေသံကို မိဘတွေကြားနေတာ ရက်အတန်ကြာခဲ့ပါပြီ။ တစ်နေ့စိတ်ပူလို့ သူမအခန်းကို ရအောင်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ထောင်ပေါင်းများစွာသော ပိုးဟပ်တွေ အသည်းယားစရာကောင်းအောင် အခန်းထဲပြည့်နှက်နေတာကိုတွေ့လိုက်ရပါတယ်။
တကယ်တော့ ဒီကလေးမလေးမှာ ပိုးဟပ်တွေကို စုထားချင်တဲ့ စိတ်အစွဲရှိနေတာပါတဲ့။ ပိုးဟပ်တွေကို သူမရဲ့ အိမ်မွေးတိရစ္ဆာန်လေးလို့ မွေးထားချင်နေတာဖြစ်ပါတယ်။ ပိုးဟပ်တွေကို အခန်းထဲမှာပဲထားတယ်။ လက်ထဲမှာလည်း အမြဲတမ်းကိုင်ထားလေ့ရှိပါတယ်။
လူကြီးတွေကိုလည်း သူမအရမ်းချစ်တဲ့ အကောင်လေးတွေအကြောင်း တစ်ခါမှမပြောခဲ့ပါဘူး။ အခုတော့ ဒီပိုးဟပ်တွေက အရမ်းချစ်ဖို့ကောင်းလို့ မွေးထားတာလို့ ပြောပါတယ်။ သူမရဲ့နေ့စဉ်အလုပ်ကတော့ ပိုးဟပ်တွေကို စောင့်ရှောက်တယ်။ စကားပြောပေးတယ်။ ကစားပါတယ်တဲ့။
အစပိုင်းမှာ ပိုးဟပ်အထီးတွေပဲ မွေးထားခဲ့ပေမယ့် နောက်ပိုင်း အကောင်ပေါက်လေးတွေလိုချင်တာနဲ့ အမတွေပါ စတင်မွေးပါတော့တယ်။ ဒီကလေးမလေးဟာ အသက်၁နှစ်ကျော်ကျော်လေးတည်းက ပိုးမွှား အင်းဆက်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လူကြီးတွေကတော့ ဒီလိုအင်းဆက်တွေနဲ့အတူရှိနေတဲ့ သမီးကိုစိတ်ပူပါတယ်။ ကလေးမလေးကတော့ သူချစ်တဲ့အကောင်လေးတွေက သူ့ကိုဒုက္ခပေးမှာမဟုတ်ဘူးလို့ပဲပြောပါတယ်။
Leave a Reply