ခေါင်မိုးပေါ် စွန်တက်ဖြုတ်ရာက ဒုက္ခတွေ့မလို ဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း(၂) ယောက် (ရုပ်သံ)

ကောင်လေးတစ်ယောက်ဟာ ပေ(၄၀) အမြင့်ရှိတဲ့ ခေါင်မိုးထိပ်ကနေ ပြုတ်ကျခဲ့ပေမယ့် အံ့အားသင့်စရာကောင်းစွာ အသက်မသေပဲ ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပြင်မှာ ရှိနေတဲ့ သူငယ်ချင်းက သူ့ကိုယ်လုံးနဲ့ ဝင်ခံပေးလိုက်တဲ့အတွက်ကြောင့်ပါ။ ထူးဆန်းဖွယ်ပဲ အမြင့်ကပြုတ်ကျလာတဲ့ ကောင်လေးရော၊ ကယ်တင်ပေးတဲ့ ကောင်လေးပါ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။


ဆွာပ်နေးအမည်ရှိတဲ့ ကောင်လေးက ခေါင်မိုးပေါ်တက်ပြီး ရေဆင်းပိုက်မှာ ငြိနေတဲ့စွန်ကို တက်ဖြုတ်တာပါ။ စွန်ကို ဖြုတ်ပြီး အောက်ကို လွှတ်အချမှာ အောက်မှာရှိတဲ့ သူငယ်ချင်းကနေ စွန်ကို သွားကောက်ယူလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဆွာပ်နေးဟာ ခြေချော်ပြီး ပြုတ်အကျ အောက်မှာ စွန်ကောက်နေတဲ့ သူငယ်ချင်းကိုယ်ပေါ်ကို အချိန်ကိုက် ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။


၎င်းအဖြစ်ကိုတော့ အခင်းဖြစ်ရာ ပတ်ဝန်းကျင်အဆောက်အဦးမှာ တပ်ဆင်ထားတဲ့ စီစီတီဗီမှာ တွေ့ရပါတယ်။ ဗီဒီယိုထဲမှာတွေ့ရတဲ့ အဖြစ်ဟာ တုန်လှုပ်ဖွယ်ဖြစ်ပေမယ့် သူငယ်ချင်း(၂) ဦးကတော့ အထိအခိုက်မရှိပဲ ပျော်ပျော်ရွှင်ရွှင် ဆက်ရှိနေနိုင်သေးတာ ဝမ်းမြောက်စရာဖြစ်ပါတယ်။ ၎င်းဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် ပူဆတ်မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သူငယ်ချင်းနှစ်ဦးဟာ ၎င်းထိတ်လန့်ဖွယ်အဖြစ် ဖြစ်ပြီးပြီးချင်း မိဘတွေဆီ သွားပြောပြခဲ့ပေမယ့် မိဘတွေက မယုံခဲ့ကြပါဘူး။ နောက်ပိုင်းမှာတော့ စီစီတီဗီကိုမြင်သွားကြပြီး ကလေးတွေရဲ့ ပြောစကားဟာ အမှန်ဆိုတာကို လက်ခံလာကြပါတယ်။ ဆွာပ်နေးရဲ့ မိခင်ကတော့ “ကျွန်မသားလေးက ခေါင်မိုးကနေ ပြုတ်ကျလာတာကို သူ့သူငယ်ချင်းက ကယ်လိုက်နိုင်တာ၊ ပြီးတော့ နှစ်ယောက်စလုံး အထိအခိုက်မရှိပဲ လွတ်လာကြတာဟာ ဘုရားကျေးဇူးကြောင့်ပါ။” လို့ ဆိုခဲ့ပါသေးတယ်။ ထို့နောက်မှာတော့ ဆွာပ်နေးရဲ့ မိခင်က သားဖြစ်သူကို စွန်ပြန်ရဖို့အတွက် ရေဆင်းပိုက်ကို အတက်အဆင်းလုပ်တာဟာ အန ္တရာယ်များလှတဲ့အကြောင်းကို ခပ်နာနာလေး ဆူပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*