ကြီးမားတဲ့အချစ်ရဲ့စွမ်းအားကြောင့် အလုပ်လေးခုတောင်လုပ်ပြီး ကြိုးစားလွန်းတဲ့ ကောင်လေး

မလေးရှားမှာနေထိုင်သူ အမျိုးသားတစ်ယောက်ဟာ သူရဲ့လက်ရှိချစ်သူမိန်းကလေးကိုသိပ်တန်ဖိုးထားတဲ့သူပါ။ ကောင်မလေးနဲ့လက်ထပ်ပေါင်းသင်းနိုင်ဖို့ အားတဲ့အချိန်ဆိုတာကို မထားပဲ အလုပ်တွေကိုအပတ်တကုတ်ကြိုးစားခဲ့ပါတယ်။

သူတစ်ယောက်တည်းနဲ့အလုပ်လေးခုကို လုပ်ကိုင်နေတယ်ဆိုရင် သိပ်အံ့သြစရာကောင်းနေမလား..ဒါပင်မဲ့ဒါဟာတကယ့်အမှန်တရားပါ။ ပထမအလုပ်က မနက်ပိုင်းနဲ့ညနေပိုင်းအစားသောက်တွေကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့အလုပ်ကိုလုပ်ကိုင်ပါတယ်။

ဒုတိယတစ်ခုကတော့ ဖုန်းတွေကို ပြင်တဲ့အလုပ်ပါ။ သူကိုယ်တိုင်လည်းဝါသနာပါပြီး စိတ်ဝင်တစားနဲ့လုပ်ကိုင်တဲ့သူရဲ့အလုပ်တစ်ခုပါ။ တတိယတစ်ခုကတော့ AirKoKo ဆိုတဲ့ အချိုရည်ကို ရောင်းချတဲ့အလုပ်ကိုလုပ်ကိုင်ပါတယ်။

နောက်ဆုံးတစ်လုပ်ကတော့ သူ့ရဲ့မိဘတွေဖွင့်ထားတဲ့ ဈေးထဲက အဝတ်ဆိုင်မှာ အဝတ်တွေကို ကူပြီးရောင်းချပေးခြင်းပါပဲ။ လက်ထပ်ဖို့နဲ့ပြီးသွားမှမဟုတ်ဘူး သူတို့နောင်ရေးအတွက်လည်းဘဏ်ထဲမှာငွေရှိထားဖို့လိုတယ်ဆိုတဲ့အမျှော်မြင်ကြီးတဲ့စိတ်နဲ့ကြိုးစားနေတာ တကယ်ကို လေးစားစရာပါပဲ။ ဒီခေတ်ကြီးမှာ ကြိုက်ဖို့ ချစ်ဖို့လွယ်ကြပင်မဲ့သူများသားသမီးကို တန်ဖိုးထားပြီး ဝမ်းဝခါးလှအောင်ကြိုးစားထားချင်စိတ်ရှိတဲ့ယောကျာ်းကောင်းဆိုတာရှားလှပါတယ်။

တန်ဖိုးထားတယ်ဆိုတာ ချမ်းသာနေမှမဟုတ်ဘူး ဆင်းရဲလည်း လုပ်ပေးချင်စိတ်ရှိရင်ကြိုးစားလို့ရပါတယ်။ သူလိုမပြည့်စုံတဲ့ဘဝကတောင်သူ့မိန်းကလေးအပေါ်ဒီလောက်တန်ဖိုးထားတတ်ရင်သင်တို့ကရောဘာတွေကို နှောင့်နှေးနေကလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ပါ….

 

Be the first to comment

Leave a Reply

Your email address will not be published.


*