လူတိုင်း ငေးကြည့်ရလောက်အောင် ထုတ်လုပ်ထားတဲ့ ဂျပန်နိုင်ငံက တီရှပ်ဒီဇိုင်းဆန်းများ

ဂျပန်နိုင်ငံက အဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ekoD Works ဟာ ထူးခြားပြီး ဆွဲဆောင်မှုှရှိလှတဲ့ တီရှပ်တွေကိုထွင်လိုက်ပါတယ်။ ထွင်ထားတဲ့ တီရှပ်တွေအားလုံးက အမှတ်တမဲ့ကြည့်လိုက်ရင် အမြင်အာရုံမှောက်မှားစေတဲ့ ဒီဇိုင်းမျိုးတွေချည်းပါပဲ။

 


ဥပမာပြောရရင် အောက်က မော်ဒယ်လ်ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဇယားကွက်ပုံပါ တီရှပ်လေးကို ကြည့်ပါ။ ရှေ့ကတည့်တည့်ကြည့်ရင်တော့ ဇယားကွက်ပါ လိုင်းတွေဟာ ကောင်မလေးရဲ့ ရင်ကို ပင့်တင်ထားသလို မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ (၉၀) ဒီဂရီ ဘေးတိုက် ကြည့်လိုက်ရင်တော့ သာမန်ထက် ထူးခြားနေတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။

 


ဒီတစ်ထည်ကလည်း ရုတ်တရက်ကြည့်ရင် စတေကာပုံနှိပ်ထားတာနဲ့တောင် မတူပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ညွန့်နားမှာ အချိုးကျကပ်ထားတဲ့ စတေကာပုံအပြင် ပုံနားမှာလည်း အတွင်းခံသဏ္ဍာန်ပေါ်အောင်ရှဲဒိုးတွေ ထည့်ပေးထားတဲ့အတွက် အထဲကို ထွင်းဖောက်မြင်နေရသလိုပါပဲ။ သေချာကြည့်မှသာ ဒါစတေကာကပ်ထားတာဆိုပြီး သိနိုင်မှာပါ။

 


ဒီလို မျက်လုံးအမြင်အာရုံကိုလှည့်စားနိုင်တဲ့ တီရှပ်အင်္ကျ ီတွေက အမျိုးသမီးတွေအတွက်ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ အမျိုးသားတွေအတွက်လည်း ရှိပါသေးတယ်။ အောက်မှာတွေ့ရမှာကတော့ အမျိုးသားတွေဝတ်လိုက်တဲ့အခါ ကိုယ့်မှာ ဝမ်းဗိုက်ကြွက်သားတွေ တကယ်မရှိပေမယ့် ရှိသယောင်ယောင်ရှိုးထုတ်နိုင်မယ့် six-packs အင်္ကျ ီတွေပါ။ တီရှပ်တွေရဲ့ဈေးနှုန်းဟာ ယန်းသုံးထောင့်သုံးရာ (အမေရိကန် ၃၂ ဒေါ်လာ) ကစတင်ပြီး အစားစားရှိနိုင်တယ်လို့လည်း soranews 24 အရ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*