အစားအသောက် Delivery အလုပ်ဝင်လုပ်နေလို့ ယောကျာၤထုတွေကိုအမြဲလိုလိုဗိုက်ဆာစေတဲ့ Cosplayer Model မလေး

ဒီတစ်ခေါက် ဟောင်ကောင်မှာရှိတဲ့ Foodpanda Delivery ဟာ Cosplayer မော်ဒယ်မလေးတစ်ဦးကြောင့် အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Nicky 1/2 Cosplay ဆိုပြီး လူသိများလွန်းလှတဲ့ မော်ဒယ်မလေးဟာ မကြာသေးခင်ကမှသူမရဲ့ Facebook စာမျက်နှာပေါ် Foodpanda Delivery ဝတ်စုံဝတ်ဆင်ပြီး အစားအသောက်လိုက်ပို့နေတဲ့ပုံကိုတင်ခဲ့တာကြောင့် လူအများကမယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ် ။

သူမဟာ အမြဲလိုလိုကာတွန်းဇာတ်ကောင်တွေလိုသာဝတ်ဆင်ပြီး ပုံတင်လေ့ရှိပေမဲ့ ယခုချိန်မှာ Delivery ဝတ်စုံဝတ်ဆင်ရခြင်းမှာတော့ သူမရဲ့အရင်အလုပ်ရှင်ဟာ အထိအခိုက်အမှားအယွင်းမခံဘဲ အမြဲလိုလိုအပြစ်ရှာနေခဲ့လို့ အဆိုပါအလုပ်မှထွက်ပြီးနောက် ၊ ယခု

Foodpanda delivery အလုပ်မှာလစာ အတော်များများရ၍ ယခုအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၊ သူမ၏မိသားစုအတွက် နှင့် cosplay အတွက်ဝတ်စုံများဝယ်ဖို့အတွက် ငွေရှာရန်လိုအပ်ကြောင်း သူမကပြန်ပြီးဖြေရှင်းပြောဆိုခဲ့ပါတယ် ။

ထို့ကြောင့် အမျိုးသားတွေဟာ မော်ဒယ်မလေး Nicky ကိုတွေ့လိုတွေ့ငှါး အမြဲလိုလို နေ့တိုင်းအော်ဒါမှာစားလေ့ရှိကြပြီး Nicky နှင့်တွေ့ရဖို့တောင်းဆိုလျက်ရှိနေကြပါတယ် ။ သို့ပေမဲ့လည်း Nicky ကတော့သူမရဲ့ပရိသတ်များကို သူမဟာ Kowloon area ကိုသာပို့ဆောင်ပေးလျက်ရှိကြောင်း ရှင်းပြပေးခဲ့ပါတယ် ။

အခြားနိုင်ငံမှ အမျိုးသားများကပါ Nicky ပို့ဆောင်ပေးတဲ့ အစားအစာများစားသောက်လိုကြောင်းကို ” မင်းအစားအသောက်ပို့ပေးနေသရွေ့တော့ စားမယ် ၊ မင်းမဟုတ်ရင်တော့ လုံးဝမစားဘူး ” ဆိုပြီး comment မျိုးစုံရေးသားထားခဲ့ကြပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*