ဓားပြရဲ့မျက်နှာကို ငရုတ်သီးမှုန့်တွေနဲ့ပက်ပြီး ဖမ်းဆီးခဲ့တဲ့ ဆိုင်ရှင်လင်မယား

ဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်ခဲ့တဲ့ လူူဆိုးတစ်ဦးကို ဆိုင်ပိုင်ရှင်တွေက ငရုတ်သီးမှုန့်တွေနဲ့ မျက်နှာကိုပက်ပြီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဆိုင်ထဲကို ဓားပြဝင်တိုက်ခဲ့သူကတော့ ပေါလ်ခရစ်ရှန်ကာလဂန် ဆိုသူဖြစ်ပြီး အသက်(၄၅) နှစ်ရှိပါပြီ။ အခင်းဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ CCTV ထဲမှာတော့ ပေါလ်ကို ဆိုင်ဝန်ထမ်းတွေက တုတ်၊ လှေကားတွေနဲ့ရိုက်ပြီး ငရုတ်သီးမှုန့်တွေနဲ့ပက်ကာ ဖမ်းဆီးခဲ့တာကိုတွေ့ရပါတယ်။


ပေါလ်ဟာ ကင်းစ်လမ်းမှာရှိတဲ့ကုန်စုံဆိုင်တစ်ဆိုင်ထဲကို မျက်နှာဖုံးအုပ်ပြီး အဝါရောင်လက်ကိုင်ပါတဲ့ ဓားကြီးတစ်ချောင်းကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ပါတယ်။ ပြီးနောက် သူ့ဆီကိုပိုက်ဆံတွေပေးဖို့ ဆိုင်ရှင်တွေဆီ ဓားနဲ့ချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ပေါလ်က ဆိုင်မှာပိုက်ဆံသိမ်းထားတဲ့ အံဆွဲကိုဆွဲယူအပြီးမှာ စက်ဘီးပေါ်တက်ပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ပါသေးတယ်။ ဆိုင်ရှင်ဖြစ်တဲ့ ရမ်ရာမူကီက စက်ဘီးရဲ့နောက်ဘီးကို ဓားပြထွက်မပြေးနိုင်အောင် လှမ်းဆွဲထားခဲ့ပါတယ်။


ဓားပြပေါလ်က ကိုင်လာတဲ့ဓားနဲ့ နောက်ဘက်ကိုပတ်ရမ်းလိုက်တဲ့အခါမှာ ရမ်ရာမူကီက စက်ဘီးနောက်ဘီးကို ကိုင်ထားတဲ့လက်ကို လွှတ်ချလိုက်ပါတယ်။ ဓားပြက ပြန်ထွက်ပြေးမယ်အလုပ် ရမ်ရာမူကီဟာ အနားမှာရှိနေတဲ့ ကြော်ငြာဆိုင်းဘုတ်နဲ့ ဓားပြဆီပစ်ပေါက်ခဲ့ပါတယ်။ ရမ်ရာမူကီရဲ့ အမျိုးသားကလည်း ငရုတ်သီးမှုန့်တွေနဲ့ ဓားပြပေါလ်ကို လိုက်ပက်ခဲ့ပါတယ်။


ဆိုင်ရှင်အမျိုးသမီး ရမ်ရာမူကီကတော့ သူမတို့ရဲ့ မီးဖိုဆောင်ထဲမှာ ငရုတ်သီးမှုန့်အမြဲဆောင်ထားလေ့ရှိကြောင်းနဲ့ ငရုတ်မှုန့်ဟာ အရမ်းစပ်ကြောင်း၊ မျက်လုံးထဲဝင်တဲ့အခါ တော်တော်ကြီးအခံရခက်မှာဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်(၂၃) တုန်းက ဖြစ်ပွားခဲ့တဲ့အဆိုပါဓားပြမှုကြောင့် ပေါလ်ဟာ နှစ်ကြာရှည်ထောင်ဒဏ်ချမှတ်ခံရမယ်လို့ သိရှိရပါတယ်။ အောက်ဘက်မှာတော့ အခင်းဖြစ်စဉ်ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*