အချိန်က အရာအားလုံးကိုပြောင်းလဲစေတယ်ဆိုတာ သက်သေပြလိုက်တဲ့ ကောင်မလေး

ထိုင်းနိုင်ငံမှာ မိန်းကလေးတစ်ယောက် သူမရဲ့ဓာတ်ပုံနှစ်ပုံကို ယှဉ်လျက် ဆိုရှယ်မီဒီယာပေါ်တင်ထားခဲ့ပါတယ်။ ပုံတစ်ပုံဟာ သူမအထက်တန်းကျောင်းတုန်းကပုံဖြစ်ပြီး နောက်တစ်ပုံကတော့ ယခုလက်ရှိချိန်ဖြစ်ပါတယ်။

သူမ ဒီလောက်ထိပြောင်းလဲသွားတာကြည့်ပြီး အားလုံးအံ့သြခဲ့ရပါတယ်။ သူမရည်းစားတောင် မယုံနိုင်ဖြစ်ခဲ့ရပါတယ်။ လူအများစုထင်တဲ့အတိုင်းပါပဲ.. ဒီမိန်းကလေး ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ မွေးတည်းက မလှမပလေး မွေးဖွားလာတာဆိုတော့ ကိုယ့်ရုပ်ရည်အသွင်ပြင်ကို လွတ်လပ်စွာ ပြုပြင်ခွင့်ရှိတယ်လို့ သူမခံယူပြီး ခွဲစိတ်ခဲ့တာပါ။

 


ရည်းစားဖြစ်သူကလည်း ဒီအဖြစ်မှန်ကိုသိပါတယ်။ ခွဲစိတ်ထားတဲ့သူမို့လို့ ထားခဲ့တာမျိုးမလုပ်ပဲ သူမရဲ့နဂိုဖြစ်တည်မှုအတိုင်းပဲ ချစ်မြဲချစ်ပေးခဲ့တယ်။ လူတွေ ဘယ်လိုပြောမလဲ ဂရုမစိုက်ဘူး။ သူမရဲ့အသွင်ပြင်ကြောင့် ယုံကြည်မှုရှိရှိပဲ နေချင်တယ်လို့ ထိုမိန်းကလေးက ပြောပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချပြီး ခွဲစိတ်ပြုပြင်ပြီးနောက်လည်း ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ခဲ့တယ်။


သူမအသက်ဟာ ၂၈နှစ်ရှိပြီဖြစ်ပြီး ချစ်သူနဲ့လည်း သာယာပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ်တဲ့။ သူမခွဲစိတ်ထားကြောင်း အမှန်ကိုဝန်ခံနိုင်တဲ့သတ္တိဟာလည်း လေးစားစရာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*