
မင်းဟာ ကိုယ့်ချစ်သူကောင်မလေး လက်ထပ်ခွင့်တောင်းနေချိန် တစ်ချိန်တည်းမှာပဲ နောက်ထပ် ယောကျ်ားလေးတစ်ယောက်ပေါ်လာပြီး သူမကို လက်ထပ်ခွင့်လာတောင်းနေမယ်ဆိုရင် အခြေအနေတွေက ဘာဖြစ်သွားမယ်ထင်လဲ? ဒီအဖြစ်ပျက်ဟာ တရုတ်မှာတကယ်ပဲဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ Jiangsu , Changzhou မြို့မှာ ရိုမန်တစ်ဆန်တဲ့ယောကျာ်းလေးနှစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်းခြင်း ခံခဲ့ရသူမိန်းကလေးကတော့ Xiao Ai လို့သိရပါတယ်။ သူမကို ပထမဆုံး Xiao Yi ဆိုတဲ့ နာမည်ကြီး ဆိုရှယ်မီဒီယာ ဘလော့ကာတစ်ဦးက စပီကာကြီးကိုင်ကာ “Xiao Ai, I love you” လို့အော်ပြောခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ နောက်ထပ်ကောင်လေးတစ်ယောက်ကရောက်လာပြီး Xiao Yi ကို တိုက်ခိုက်ပါတော့တယ်။ ဘေးနားက ဝိုင်းကြည့်နေတဲ့လူတွေလည်း မမျှော်လင့်ထားတဲ့အဖြစ်ပျက်ကြောင့် လန့်သွားတယ်။
ကောင်မလေးရော အခြားလူတွေပါ သူတို့နှစ်ယောက်ရန်ဖြစ်နေတာကို ဝိုင်းတားကြပါတယ်။ ဒါနဲ့ ကောင်မလေး ဘယ်သူ့ကို လက်ခံလိုက်လည်းဆိုတာ သင်တို့လည်းသိချင်နေကြမယ်ထင်ပါတယ်။
ဒီလိုမျိုး ခိုက်ရန်ဖြစ်နေချိန်မှာ တစ်ယောက်ကိုရွေးချယ်လိုက်မယ်ဆို ပိုပြီးအခြေအနေဆိုးသွားမလားပဲ။ ဒါကြောင့် မိန်းကလေးလည်းစိတ်ရှုပ်ပြီး နှစ်ယောက်လုံးကို လက်မခံလိုက်ပါဘူးတဲ့။ so sad ပါအစ်ကိုတို့ရေ…
Leave a Reply