အထာကျကျ ဆိုင်ကယ်ပေါ်မယ် နို့တိုက်ကြမယ်

တစ်ကိုယ်တည်း ဆိုင်ကယ်စီးတာတောင် သတိကပ်ပြီး သေချာမောင်းရပါတယ်။ ကလေးပါရင် ပိုတောင်အန္တရာယ်များပါတယ်။ ဒါပေမယ့်လည်း ကြောက်ရွံ့မှုမရှိတဲ့ မိဘတွေကတော့ ဒီလိုပဲ ကလေးတစ်ဖက်နဲ့သွားလာလှုပ်ရှားနေကြတာပါပဲ။ တစ်ချို့လူတွေဟာ တကယ်ပဲ ကံကောင်းသလို ၊ အခြေနေတွေ အချိန်ခါတွေလည်း ကြည့်တတ်တယ်ပဲ ပြောရမလား။ သူတို့အတွက်တော့ အန္တရာယ်ဆိုတာ ကြောက်စရာတစ်ခုမဟုတ်သလိုပဲ။


မကြာခင်က ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ပုံမှာ အမျိုးသမီးတစ်ယောက် ဆိုင်ကယ်မောင်းရင်း ကလေးကို နို့တိုက်နေတာဖြစ်ပါတယ်။ ဒါတောင် လက်တစ်ဖက်တည်း ထိန်းမောင်းပြီး နောက်တစ်ဖက်က ကလေးကိုကိုင်ထားတာပါ။ မကြောက်တတ်လိုက်ပုံများ.. ။ သူမအနေနဲ့ အရေးကြီးသွားစရာလည်းရှိသလို လမ်းတစ်ဝက်မှာ နို့ဆာနေတဲ့ကလေး အငိုတိတ်အောင် နို့တိုက်နေတာလည်းဖြစ်နိုင်ပါတယ်။


မြင်နေရသူအဖို့ အသည်းယားပြီး သူတို့အတွက်စိတ်ပူနေတာ။ သူတို့သားအမိကတော့ ဆိုင်ကယ်ပေါ်မယ် သာသာယာယာပါပဲ။ အင်တာနက်မှာ ဒီသားအမိရဲ့ပုံလေးတွေကတော့ ကြည့်ရှုသူများကို ဆွဲဆောင်ထားနိုင်လေရဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*