လက်ရှိရည်းစားကိုပေးဖို့အတွက် အရင်ရည်းစားဆီက အရုပ်ကို ပြန်တောင်းခဲ့သူ

လက်ဆောင်ဆိုတာ ဘယ်သူကိုမဆို ပေးလို့ရပါတယ်။ မိဘဆွေမျိုးတွေကိုဖြစ်စေ၊ မောင်နှမသားချင်းတွေကိုဖြစ်စေ၊ ချစ်သူကိုဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေကိုဖြစ်စေ၊ နောက်ဆုံး သူစိမ်းကိုဖြစ်စေ ပေးလို့ရပါတယ်။ ဒါပေမဲ့ လက်ဆောင်ဆိုတာ ပစ္စည်းငှားတာ မဟုတ်ဘူး၊ အပိုင်ပေးတာဆိုတဲ့ ရိုးရှင်းတဲ့ သဘောတရားကို နားလည်ဖို့လိုပါတယ်။ ဒီသဘောတရားကိုတောင် နားမလည်တဲ့ အမျိုးသားတစ်ဦးကတော့ ရည်းစားဟောင်း Hannah Hernandez နဲ့လမ်းခွဲပြီးသွားတဲ့အချိန်မှာ ပေးခဲ့ဖူးတဲ့ဝက်ဝံရုပ်ကြီးကို ပြန်တောင်းခဲ့တယ်လို့ rachfeed သတင်းစာမျက်နှာမှာ တွေ့ရပါတယ်။


ဒီအမျိုးသားဟာ ရည်းစားဟောင်းဆီက ဝက်ဝံရုပ်ကိုပြန်တောင်းရတဲ့အကြောင်းကတော့ အခုလက်ရှိရည်းစားကိုပေးဖို့ပဲဖြစ်ပါတယ်။ Facebook ရဲ့ messenger ကနေတစ်ဆင့်ပြန်တောင်းခဲ့တာပဲဖြစ်ပါတယ်။ အဲ့လို ရည်းစားဟောင်းဆီကနေ ဝက်ဝံရုပ်ပြန်တောင်းခံရတဲ့ Hannah ဟာ messenger က စာတွေကို ဓာတ်ပုံရိုက်ပြီး facebook ပေါ်ကို တင်လိုက်ပါတယ်။


ထိုအမျိုးသားရဲ့စာကတော့ အခုလက်ရှိရည်းစားကို ဝက်ဝံရုပ်အသစ်ဝယ်ပေးဖို့ ပိုက်ဆံမရှိတော့တဲ့အတွက် ပြန်တောင်းတာဖြစ်တယ်လို့ သိရပါတယ်။ ဒီပို့စ်ကို ကြည့်မိတဲ့လူတွေကလည်း သူ့ရဲ့အခုရည်းစားကောင်မလေး ဒီပို့စ်ကိုမြင်သွားပါစေလို့ ဆုတောင်းနေကြပါတယ်။ အရင်ကောင်မလေးကိုပေးပြီးသားအရုပ်ကို နောက်ကောင်မလေးကိုထပ်ပေးမယ်ဆိုတော့ အံ့သြမိတယ်လို့လည်း ဆိုကြပါသေးတယ်။ Facebook ပေါ်တင်လိုက်တဲ့ အဲဒီပို့စ်ကို Likes (35k) ၊ Shares (18.7k) နဲ့ Comments (2.2k) ပေးထားတာကိုတွေ့ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*