ကိုယ်ဝန်ဆောင်နေတုန်း ရုပ်ဆိုးတယ်ဆိုပြီးအမြဲပြောနေခဲ့တဲ့ ခင်ပွန်းကိုတန်ပြန်တဲ့တုံ့ပြန်မှုမျိုးပြန်ပေးခဲ့တဲ့ မိန်းကလေး

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေချိန်မှာစိတ်ခံစားချက်တွေဟာ အမြဲလိုလိုပြောင်းလဲနေလေ့ရှိပြီး အထိအခိုက်မခံနိုင်အောင်စိတ်နုလွန်းလှပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာအဓိကအားဖြင့် စိတ်ကျရောဂါတွေအဖြစ်များလေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တောင်ကိုရီးယားနိုင်ငံက ယောဂနှင့်ခန္ဓာကိုယ်ကျန်မာကြံခိုင်ရေး နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ Park Jee Won ဟာ

ကိုယ်ဝန်ဆောင်နေစဉ်စိတ်ဖိစီးမှု့ကြောင့် မရပ်နိုင်လောက်အောင် အစားအစာတွေစားသောက်ခဲ့လို့ ကိုယ်အလေးချိန် 86kg အထိရောက်ရှိသွားခဲ့ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခင်ပွန်းဖြစ်သူဟာ သူမရဲ့စိတ်အခြေအနေကိုနားမလည်ပေးသည့်အပြင် သူမကိုရုပ်ဆိုးတဲ့သူတစ်ယောက်လို အမြဲပြောဆိုဆက်ဆံခဲ့ပါတယ် ။

သို့ပေမဲ့လည်း သူမဟာကလေးမွေးပြီးနောက် ပိုယ်အလေးချိန်ပြန်ချဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုမျိုးပြန်ရယူနိုင်ဖို့ကြိုးစားခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာ 10 လလုံးလုံး သေးငယ်တဲ့အစားအစာ 6ခုကိုသာစားပြီး ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး ပြုလုပ်ခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာ ကိုယ်အလေးချိန် 40kg ကျခဲ့ပြီး သူမဟာလုံးဝခွဲစိတ်မှုမျိုးမလုပ်ခဲ့ဘဲ သဘာဝအတိုင်းသာလေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန်လျှော့ချခဲ့တာပါ ။ သူမဟာပြန်ပြီးလှပလာခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူမှာတော့သူမကို” မင်းတော်တော် အံ့သြဖို့ကောင်းတာပဲ ၊ မင်းကိုကြည့်တာ ငါတောင်ကြက်သီးထတယ် ” ဆိုပြီးအမြဲလိုလို သူမကိုပြောဆိုဆက်ဆံပြန်ပါတယ် ။

ခင်ပွန်ဖြစ်သူရဲ့ပြောဆိုဆက်ဆံပုံတွေက သူမရဲ့စိတ်အခြေအနေကိုပိုပြီးဆိုးဝါးစေခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခဲ့ပြီး ၊ သမီးလေးကိုလည်း Single mother တစ်ယောက်အနေနဲ့ သူမကပြုစုပျိုးထောင်ပေးခဲ့ပါတယ် ။ ထို့အပြင် ယခုအချိန်မှာတော့ သူမဟာ ကိုယ်ပိုင် YouTube ၊ Instragram Account ဖြင့် ကျန်မာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်လျော့ချနည်းများကိုအမြဲမျှဝေတင်ပြပေးပြီး စီးပွားရှာလျက်ရှိပါတယ် ။ သူမဟာ အရင်ချိန်တွေကမရခဲ့တဲ့ စိတ်ပျော်ရွှင်မှုတွေကို ယခုချိန်မှာတော့ သမီးဖြစ်သူနှင်အတူမျှဝေခံစားလျက်ရှိနေပါတယ် ။ ခင်ပွန်းဖြစ်သူမှာတော့သူ၏ပြောဆိုဆက်ဆံပုံတွေကြောင့် မိသားစုလည်းပျက်ဆီး ၊ သမီးဖြစ်သူကိုလည်း လက်လွတ်ဆုံးရှုံရပြီး ချောမောလွန်းတဲ့ဇနီးသည်ပိုင်ဆိုင်ခဲ့တဲ့အခွင့်အရေးမျိုးလည်း ဆုံးရှုံးခဲ့ရပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*