ဝလွန်းလို့ ချစ်ရေးဆိုတာ အငြင်းပယ်ခံခဲ့ရတဲ့ ကောင်လေးရဲ့ လှပတဲ့ကလဲ့စား

လူတစ်ယောက်ကို ချစ်မိသွားဖို့ဆိုတာလွယ်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့လူရဲ့ ငြင်းပယ်တာခံရပြီဆိုရင်တော့ အလွန်ခက်ခဲပြီး ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ။ ထိုင်းနိုင်ငံက Mos Sataporn အမည်ရှိ ကောင်လေးတစ်ယောက်ဟာ သူကြိုက်တဲ့ ကောင်မလေးရဲ့ ငြင်းပယ်တာခံခဲ့ရပြီး သူ့ရဲ့ လက်စားပြန်ချေခဲ့ပုံကတော့ လူအများအတွက် အားတက်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။


Mos ဟာ သာမန်ယောကျ်ားလေးတစ်ယောက်မဟုတ်ပါဘူး။ ၁၅၅ ကီလိုဂရမ် (ပေါင် ၃၄၀) ရှိပြီး အဝလွန်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ ပြည့်ဖောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာတို့ကြောင့် သူငယ်ချင်းဖြစ်သူတွေရဲ့ စတာ အမြဲခံရပေမယ့် အရပ်က (၆)ပေကျော်တာကြောင့် BMI စံနှုန်းရဲ့ အဝလွန်စာရင်းထဲမှာတော့ မပါဝင်ခဲ့ပါဘူး။


သူချစ်တဲ့ ကောင်မလေးရဲ့ ငြင်းတာခံလိုက်ရချိန်မှာတော့ သူ့ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ စိတ်ဝင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ ခက်ခဲခဲ့ပေမယ့် ကယ်လိုရီနည်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ခဲ့ပြီး ကြွက်သားတွေ တက်လာစေဖို့ အားကစားလေ့ကျင့်ရေးရုံမှာပါ သွားရောက်လေ့ကျင့်ခဲ့ပါတယ်။

 


နံနက်ပိုင်းမှာ အားကစားလုပ်ပြီး ထမင်းအနပ်တိုင်းကို သင့်တင့်မျှတစွာစားခဲ့ပြီးနောက် (၁)လ အကြာမှာ ၅ ကီလို (၁၁ ပေါင်) စကျခဲ့ပါတယ်။ တစ်နှစ်ကြာပြီးနောက် ယနေ့မှာတော့ Mos ဟာ ပေါင် (၁၆၀) ကျော် ချနိုင်ခဲ့ပြီး (၁၇၆) ပေါင်ခန့်သာ ရှိပါတော့တယ်။

Mos ရဲ့ အရပ်ရှည်ပြီး သွယ်လျတောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် အခုဆိုရင် မိန်းကလေးတွေက သူ့ကို ဝိုင်းကြွေနေကြပြီဖြစ်ပြီး ယောကျ်ားလေးတွေကလည်း အားကျနေကြပြီဖြစ်ပါတယ်။ “သင်ဝိတ်ကျချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ကိုယ့်စိတ်ကိုယ် နိုင်ဖို့ပါပဲ။ သူများတွေတောင် လုပ်နိုင်တာ သင်ဘာလို့ မလုပ်နိုင်ရမှာလဲ” ဆိုပြီး Mos က ဝိတ်ချဖို့ ကြိုးစားနေသူတွေကို အားပေးခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*