
တော်တော်လည်းတော်တဲ့ဆရာ စေတနာကောင်းတဲ့ဆရာလို့ဆိုရမှာပါပဲ။ Ghana က ကျောင်းဆရာတစ်ဦးဖြစ်တဲ့ Owura Kwadwo Hottish ဆိုသူဟာ သူ့ကျောင်းသားတွေကို Computer နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုသင်ကြားပေးချင်စိတ်အပြင်းထန်ဖြစ်ခဲ့ပါတယ်။ ဒါပင်မဲ့ ခက်ခဲတဲ့သူတို့ရဲ့အခြေနေအမျိုးမျိုးတွေကြောင့်ကွန်ပျူတာမသုံးနိုင်ခဲ့ပါဘူး။
ကွန်ပျူတာ မရှိပဲ ကွန်ပျူတာအကြောင်း Microsoft အကြောင်းသင်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲပေါ့…ဒါပင်မဲ့လည်း ကလေးတွေကိုသင်ကြားချင်စိတ်ပြင်းထန်လွန်းတဲ့ဆရာဟာ မဖြစ်မနေ သင်လို့ရအောင် သူကိုယ်တိုင်ကြိုးစားပြီး ကွန်ပျူတာထဲမှာ ပေါ်တဲ့ Microsoft Word ရဲ့ပုံစံကို တစ်ထပ်တည်း Blackboard ပေါ်မှာရေးဆွဲခဲ့ပါတယ်။အသေးစိတ် ကို တစ်ဆင့်ချင်းစီစနစ်တကျအချိန်ယူပြီးရေးဆွဲပြခဲ့တာ အံ့သြမှင်သက်စရာ ပါပဲ။ သူလုပ်လိုက်မှပဲ Computer ပေါ်က MS Word ကြီးကို Blackboard ပေါ်မှာ မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပါပဲ။
တကယ်လည်း မိုက်လွန်းတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ masterpiece တစ်ခုပါပဲ။ သူ့ရဲ့ကျောင်းသားတွေလည်းဒီလိုစေတနာလည်းကောင်း ထူးလည်းထူးချွန်တဲ့ဆရာနဲ့တွေ့ရလို့ ကံကောင်းလွန်းတယ်လို့ဆိုရမှာပါပဲ…
Leave a Reply