ရှေးဟောင်းပစ္စည်းတွေနဲ့ပြည့်နှက်နေတဲ့ ပြတိုက်ကိုအခမဲ့ဖွင့်ခဲ့ပေမဲ့ လာရောက်ကြည့်ရှုသူတွေရဲ့ကျေးဇူးကန်းခြင်းခံခဲ့ရသူ

မလေးရှားနိုင်ငံက ” Rumahku Muziumku ” အမည်ရှိတဲ့ ပြတိုက်အငယ်လေးကို ဖွင့်လှစ်ထားတဲ့ အသက် 81 နှစ်အရွယ် Nordin Ali ဆိုသည့်အဘိုးအိုအတွက်ကတော့ အတော်လေးကိုစိတ်မကောင်းတဲ့အဖြစ်နဲ့ကြုံတွေ့နေရပါတယ် ။ ဘာလို့လည်းဆိုတော့ အဘိုးအိုဟာသူ၏ပြတိုက်ရှိရှေးဟောင်းပစ္စည်းများကို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပေးထားပေမဲ့လည်း

ယခုအချိန်မှတော့အချို့သော မသမာသူများက ပြတိုက်ရှိရှေးဟောင်ပစ္စည်းများကို ခိုးယူခဲ့တဲ့အတွက် ကြာလာတော့ မသက်နိုင်တော့တဲ့အဆုံး ပြတိုက်ငယ်လေးကိုပိတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ Nordin Ali နှင့် သူ၏ဇနီးဖြစ်သူ Maznah အသက် 60 တို့ဟာ ၎င်းတို့၏ပြတိုက်ကိုကြီးကြပ်ဖို့ အတော်လေးကိုအသက်ကြီးနေပြီဖြစ်သည့်အပြင် ကျန်မာရေးအခြေအနေကလည်း အရင်ချိန်ကကဲ့သို့မကောင်းမွန်တော့တဲ့အတွက် သူခိုးတွေအတွက်ကတော့ ပစ္စည်းခိုးယူဖို့ ပိုပြီးလွယ်ကူစေခဲ့ပါတယ် ။

ပျောက်ဆုံးသွားသော ပစ္စည်းများဟာ အမျိုးအရေအတွက်ပေါင်း 16 မျိုးအထိရှိခဲ့ပြီး ၊ ကြေးနီပန်းကန်လုံး နှင့် ရှေးဟောင်းမီးပူမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ် ။ အဘိုးအိုကတော့ သူ၏ပိုက်ဆံပျောက်ဆုံးသွားခဲ့ရင်တောင် စိတ်မဆိုးပေမဲ့ သူနှစ်ရှည်လများစွာရှာဖွေစုဆောင်းထားခဲ့တဲ့ ရှေးဟောင်းပစ္စည်းများ ပျောက်ဆုံးသွားခဲ့တဲ့အတွက် အတော်လေးကိုစိတ်ဆိုးဝမ်းနည်းမိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

အဆိုပါနေအိမ်ပြတိုက်လေးကို 1982 ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး 2002 ခုနှစ်ကတည်းကစပြီး ဖွင့်လှစ်ခဲ့ကာ ၊ ပြတိုက်ကို 17 နှစ်ကြာဖွင့်လှစ်ခဲ့ပြီးတာ ဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ပြင် ပြတိုက်ထဲတွင်ရှေးဟောင်ပစ္စည်းအရေအတွက်ပေါင်း 2500 ခန့်ရှိပြီး ၊ နှစ်ပေါင်း1500 ခန့်က အမြောက်ဆန်လုံး နှင့် နှစ်ပေါင်း400 ခန့်က တူရကီမျှော်စင်တွေမှာအသုံးပြုတဲ့ မီးတုတ် တွေပါရှိကြောင်းသိရှိရပါတယ် ။ ထို့အပြင် Nordin တို့ဇနီးမောင်နှံအတွက်ကတော့ စေတနာနှင့်ဝေမျှပေးချင်လို့တဲ့ရည်ရွယ်ချက်နဲ့ဖွင့်ခဲ့တဲ့ပြတိုက်ရဲ့ အချိန်ကာလဟာလည်း အတော်လေးကိုလုံလောက်နေပြီလို့ ပြောလို့ရပါတယ် ။

MELAKA 30 AUGUST 2016. ( MB264P / Antik ) Katil Baba Noyonya antara koleksi barangan antik yang ditempatkan di rumah warga emas, Nordin Ali, 78, yang dipangil `Rumahku Muziumku’ Kampung Padang Temu, Melaka. STR/NAZRI ABU BAKAR

Be the first to comment

Leave a Reply

Your email address will not be published.


*