မ ယား ငယ် လ င်င ယ် ဆို တာ လည်း အများသုံး သန့်စင်ခန်းလို ပါပဲ..။

မ ယား ငယ် လ င်င ယ် ဆို တာ လည်း အများသုံး သန့်စင်ခန်းလို ပါပဲ

ဖောက်ပြန်မယ် ကြံတိုင်း လက်ရှိချစ်သူကို သတိရပါ…

ဆန္ဒကို သိက္ခာ တရားနဲ့ထိန်းပါ…ဖောက်ပြန်တော့မယ် ကြံတိုင်း လက်ရှိ ချစ်သူကို သတိရပါ…

ဖောက်ပြန်တော့မယ် ကြံတိုင်း လက်ရှိ အိမ်ထောင်ရေးကို သတိရပါ။

ဖောက်ပြန်တော့မယ် ကြံတိုင်း လက်ရှိ သားသမီးတွေရဲ့အနာဂတ်ကို တွေးပါ။

ဖောက်ပြန်တော့မယ် ကြံတိုင်း ကိုယ့်ကို အားကိုးနေတဲ့ ဇနီးမယား ခင်ပွန်း မျက်နှာကို မြင်ယောင်ပေးပါ ။

ဖုန်းတွေ ပေါလာတဲ့ခေတ်မှာ အပျို အအို ဆိုက်စုံ ဂိုက်စုံ အင်တာနက်ပေါ် တက်လာကြတယ်။ effect တွေသုံးထားတဲ့ ဓါတ်ပုံ ဘယ်က ဘယ်သူ ဘာလုပ်တယ် ဆိုတဲ့ မသေချာမရေရာတဲ့ အချက်အလက်တွေနဲ့ အင်တာနက်ပေါ်က လူတွေ နဲ့သာယာပြီး လက်ရှိ အိမ်ထောင်ရေးကို ပျက်စီးအောင် မလုပ်သင့်ပါဘူး။

ဘယ်သူ ဘယ်လောက်ကောင်းကောင်း ဘယ်သူဘယ်လောက် ချောချော ကိုယ့်ရဲ့ ငယ်လင် ငယ်မယားလောက် ဘယ်သူမှ မချောနိုင် မကောင်းနိုင်ပါဘူး။ မယားငယ် လင်ငယ် ဆိုတာ ကိုယ့်ရဲ့လက်ရှိ ငယ်လင်ငယ်မယားလောက် ကောင်းနိုင်ပါ့မလား။

အင်တာနက်ကနေ တွေ့တဲ့ လူတွေကိုယုံပြီး လက်ရှိ အိမ်ထောင်ရေးကိုဖျက်စီးပြီး အင်တာနက်ကတွေ့တဲ့လူဆီကိုသွားမလို့လား တန် လို့လား ?

မယားငယ် လင်ငယ် ဆိုတာ တကယ်တော့ တိတ်တိတ် ပုန်း ယူရတဲ့ လူတွေပါ။ သူတို့ကို ပေါ်တင်ယူလို့ မရဘူး။ လူ့ပတ်ဝန်းကျင်ကလက်မခံဘူး။

မြို့လယ်ခေါင်က အများသုံး သန့်စင်ခန်း ဆိုတာ လူတကာ လာရောက်ပြီး အညစ်အကြေးတွေ စွန့်တဲ့နေရာပါ။ တန်ရာတန်ကြေးပေးပြီး အညစ်အကြေးစွံ ပြီးရင် လူတွေက အဲဒီ သန့်စင်ခန်းကို ကျောခိုင်းကြတာပါပဲ။

မယားငယ် လင်ငယ် ဆိုတာလည်း အများသုံး သန့်စင်ခန်းလိုပါပဲ။ အညစ်အကြေးစွန့်ဖို့ တစ်ခုသာ သုံးလို့ရတာပါ။ လက်ရှိအိမ်ထောင်ရေးကို ပျက်စီးခံပြီး အများသုံး သန့်စင်ခန်းဆီ သွားမလို့လားဗျာ။

မေတ္တာဖြင့် အိမ်ထောင်ရေး အချစ်ရေး များအဆင်ပြေကြပါစေ။

ခေတ်နေ !!

လေးစားစွာဖြင့်ခရစ်ဒက် -အောင်ပါစေ

Be the first to comment

Leave a Reply

Your email address will not be published.


*