အရာရှိတလစာထက် ငွေပိုရှိသည့် သူတောင်းစား

ထိုင်းနိုင်ငံ ချနပ်ခရိုင်မှာ တောင်းရမ်းနေတဲ့ မသန်စွမ်း တရုတ်သူတောင်းစားတဦးရဲ့ အိတ်ထဲမှာ အရာရှိတ ဦးရဲ့ လစာထက် ပိုများတဲ့ ငွေတွေကြောင့် ဒေသခံ အာဏာပိုင်တွေ အံ့အားသင့်ခဲ့ပြီး ဖမ်းဆီးလိုက်ပါတယ်။

လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူထု လုံခြုံရေး ဝန်ထမ်းတွေနဲ့ ဒေသခံရဲတပ်ဖွဲ့တွေက တောင်းစားတာကို ဆန့် ကျင်တဲ့ လှုပ်ရှားမှုတခုကို လုပ်ဆောင်ရာမှာ ချနပ်မြို့ ဈေးတခုမှာ တောင်းရမ်းနေတဲ့ အသက် ၃၉ နှစ်အ ရွယ် တရုတ်သူတောင်းစား ဇူဘောင်ဆောင်ကို တွေ့ရှိခဲ့တာ လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်း မှာ ရေးပါတယ်။

သူဟာ တရုတ်နိုင်ငံ ဟီနန်ခရိုင်ကဖြစ်ပြီး ထိုင်းနဲ့ တရုတ်စကား မပြောတတ်သလို ထိုင်းမှာ တောင်းစားတာ တရားမဝင်တဲ့အကြောင်း တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်သူရဲ့ အိတ်ကို ရှာဖွေရာမှာတော့ ဘတ် ၄၈၀ နီးပါးရှိတဲ့ အကြွေစေ့တွေ တွေ့ခဲ့ရသလို လွယ်အိတ် ထဲမှာတော့ ဘတ် ၂၁၅၄၀ ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတောင်းစားက ကျနော့် တလစာထက်တောင်များတဲ့ ငွေတွေ ရှိနေတယ်”လို့ အရာရှိတဦးက ပြောပါ တယ်။

ဇူဟာ ချနပ်မြို့လယ်က ဟိုတယ်မှာနေထိုင်နေသလို သူ့အခန်းမှာလည်း အကြွေစေ့တွေ ထပ်ရှာဖွေ တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။

မေးခွန်းမေးမြန်းပြီးသူကို စွဲဆိုကာ ဒေသခံလူဝင်မှုကြီးကြပ်ရေးရဲထံ ခေါ်ဆောင်ပြီး တရုတ်နိုင်ငံကို ပြန် လည် ပို့ဆောင်သွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*