စာလိုချင်တော့ ဘယ်လောက်အခက်ခဲရှိရှိရောက်အောင်သွားကြမယ်ဆိုတဲ့ ကလေးတွေ

အိန္ဒိယနိုင်ငံ Biswanath ဒေသ Sootea ကျေးရွာမှာ လှေလည်း မရှိ၊ တံတားလည်းမရှိနဲ့ အလွန်အနေဆင်းရဲလို့ ကျောင်းကိုသွားရတဲ့ လမ်းခရီးဟာ ကလေးတွေအတွက် အန္တရာယ်လည်းများ ၊ ဒုက္ခလည်းရောက်ရပါတယ်။

ကျောင်းကိုသွားဖို့ တစ်ဖက်မြစ်ကမ်းပါးကို ကလေးတွေကူးရပါတယ်။ ဘာနဲ့ကူးလဲဆိုတော့ ဒန်အိုးတွေထဲဝင်ပြီး လက်နဲ့လှော်ခတ်ကာ တစ်ဖက်ကမ်းကို ကူးခတ်သွားရတာပါ။ ကလေးတွေ အခက်ခဲကြားကနေ ရုန်းကန်နေရတဲ့ အဖြစ်ကို ဗီဒီယိုရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့ပါတယ်။ တင်တင်ပြီးချင်းမှာပဲ အင်တာနက်သုံးစွဲသူများဆီမှ တုံ့ပြန်မှုတွေအများပြားရရှိခဲ့ပါတယ်။

ဒီဒန်အိုးတွေနဲ့ ကလေးတွေဘယ်ချိန်ထိ ကျောင်းသွားနေရမလဲ။ အန္တရာယ်များလွန်းပါတယ်။ တာဝန်ရှိသူများအနေနဲ့ တံတားထိုးပေးတာပဲဖြစ်ဖြစ် ၊ လှေစီစဉ်ပေးတာပဲဖြစ်ဖြစ် တစ်ခုခုတော့လုပ်ပေးသင့်ပါတယ်။ ကျောင်းမှာ စာသင်ချင်လွန်းလို့ ဒီလောက်အခက်ခဲကို ရအောင်ကျော်ဖြတ်နေတဲ့ ကလေးတွေမြင်ရတာ ဝမ်းသာသလို စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ဒီလိုဖြစ်နေတာကို လစ်လျုထားတဲ့ တာဝန်ရှိသူတွေကိုလည်း လူအများက ဝေဖန်ပြစ်တင်နေပါပြီ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*