
ကားမတော်တဆတစ်ခုကြောင့် ဆေးရုံရောက်နေစဥ် ရည်းစား၁၇ယောက်ချက်ချင်းရောက်လာကာ သတင်းမေးကြသည့်အတွက် ကားမတော်တဆမှုထက် ကံဆိုးသွားခဲ့ရသူ
ယခုဖော်ပြပေးသည်မှာ မစ္စတာဝမ်ဆိုသည့် အမျိုးသားတစ်ဦး၏ ကံဆိုးသော နေ့ရက်တစ်ခုအကြောင်းကို ဖော်ပြပေးထားခြင်းဖြစ်ပါသည်။မစ္စတာဝမ်သည် ငွေကြေးအလွန်ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည်။
မစ္စတာဝမ်သည် ငွေကြေးကြွယ်ဝချမ်းသာယုံမျှမကဘဲ ရည်းစားအများအပြားထားသည့်သူတစ်ဦးလည်း ဖြစ်ပေသည်။မစ္စတာဝမ်သည် လုပ်ငန်းကိစ္စတစ်ခုကြောင့် ကားမတော်တဆ တစ်ခုဖြစ်ကာ ဆေးရုံသို့ ရောက်ရှိခဲ့ကာ ဒဏ်ရာမပြင်းထန်သော်လည်း ဆေးရုံတတ်ကုသမှုခံယူခဲ့ရသည်။
မစ္စတာဝမ်ကားမတော်တဆဖြစ်သည့်သတင်းကို ကြားသိရသောအခါ ချစ်သူကောင်မလေးသည် အလွန်ပင် စိုးရိမ်ပူပန်ကာ ဆေးရုံသို့ ချက်ချင်းပင် မစ္စတာဝမ်အား စောင့်ရှောင့်ပေးရန် ရောက်ရှိလာကြပါသည်။
ထိုသို့ရောက်ရှိလာသော ချစ်သူကောင်မလေးသည် တစ်ယောက်တည်း မဟုတ်ဘဲ ၁၇ဦးအထိရောက်ရှိလာသောကြောင့်ဖြစ်ပေသည်။ကောင်းမလေး၁၇နှစ်ဦးသည် ဆေးရုံသို့ တစ်ချိန်တည်းမှာပင် တိုက်ဆိုင်စွာ ရောက်ရှိလာခြင်းဖြစ်ကာ မစ္စတာဝမ်အဖို့ ကားမတော်တဆမှုထက် ပို၍ကံဆိုးသွားနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။
Leave a Reply