ဆရာဝန်၏မှားယွင်းကုသမှုကြောင့် ခြေထောက်ပြတ်ပြီး ၊ ဘဝပါပျက်ခဲ့ရသူ၏ ပြန်လက်စားချေပုံ

ဆရာဝန်ဆိုတာကတော့ လူနာတွေကို အကောင်းဆုံကုသပြီးကယ်တယ်ပေးကြတဲ့သူတွေဆိုပေမဲ့လည်း တစ်ခါတစ်ရံမှာတော့ လူဆိုတော့လည်းအမှားနဲ့မကင်းပါဘူးလေ ။ မှားယွင်းပြီးကုသမိတာမျိုးကတော့ ဆရာဝန်တွေရဲ့အကြီးမားဆုံးသောအမှားပါပဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Melaka မြို့မှာနေထိုင်တဲ့ Abu Baharin အမည်ရှိတဲ့ အသက် 34နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့ 2015 ခုနှစ်က ဆိုင်ကယ်မှောက်ပြီးနောက်ဒူးခေါင်းအဆစ်နာကျင်သည့်ဝေဒနာမျိုးကို ခံစားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ဆရာဝန်တွေရဲ့မှားယွင်းခွဲစိတ်မှုကြောင့် သူ၏ညာဖက်ခြေထောက်ဆုံးရှုံးသွားခဲ့ရပါတယ် ။

ထို့ကြောင့် Baharin ဟာသူ၏ရှေ့နေအကူအညီဖြင့် ဆေးရုံကိုပြန်ပြီးတရားစွဲကာ လျော်ကြေးငွေ RM 1.3 million (မြန်မာငွေ သိန်းပေါင်း 4ထောင်ကျော်) တောင်းဆိုခဲ့ပါတယ် ။ လျော်ကြေးငွေ အပြည့်အဝရခဲ့ပေမဲ့လည်း Baharin ဟာ သူဘဝရဲ့ပျော်ရွှင်မှုကို ပိုက်ဆံဖြင့်မဝယ်ယူနိုင်တော့ကြောင်းကို ” ငါ့ရဲ့တကယ့်ပုံမှန်ဘဝကိုပြန်မရနိုင်တော့ဘူး ၊ ငါ့မိန်းနဲ့ ငါ့သားက ငါ့အနားမရှိကြတော့ဘူး ” ဆိုပြီးပြန်လည်ပြောဆိုခဲ့ပါတယ် ။

ယခုချိန်မှာတော့ Baharin ဟာအထီးကျန်လွန်းတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီး ” အဲ့မတော်တဆဖြစ်ပြီးနောက် ကျွန်တော့်မိန်းမနဲ့ဆက်ဆံရေးက လုံးဝပျက်ဆီးသွားခဲ့တယ် ၊ ဒါပေမဲ့ ဒါကကျွန်တော့်ကံပဲလေ ၊ လက်ခံရမှာပေါ့ ၊ ကျွန်တော်အခု မွေးစားမိဘတွေနဲ့ အတူနေနေပါတယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ် ။ သူ့ဘဝရဲ့လုံလောက်တဲ့ လျော်ကြေးငွေရခဲ့ပေမဲ့လည်း Baharin ရဲ့ဘဝဟာ ပျော်ရွှင်မှု လုံးဝကိုမရှိတော့ပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*