သင့်ရဲ့လျှာက သင့်ကျန်းမာရေးအခြေအနေကို ပြောပြနေတယ်ဆိုတာသိရဲ့လား?

ခန္ဓာကိုယ်အစိတ်အပိုင်းတွေဘာတွေဖြစ်နေလဲ၊ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတာကို ဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ပြောင်းလဲပုံကိုသတိထားကြည့်ရင်သိနိုင်ပါတယ်။ကျန်းမာရေးဆောင်းပါးတစ်ခုက လျှာက ကိုယ့်ကျန်းမာရေးအခြေအနေဘယ်လိုဖြစ်နေလဲဆိုတာ ပြောပြနေတယ်လို့ဖော်ပြလာပါတယ်။သင်ရော မှန်ကြည့်ရင်း လျှာကိုထုတ်ပြီးသတိထားကြည့်ခဲ့ဖူးလား?လျှာနဲ့ကျန်းမာရေးဘယ်လိုဆက်စပ်မှုရှိနေလဲဆိုတာ ကြည့်လိုက်ပါဦး

*လျှာက မီးခိုးရောင်သမ်းနေတယ်

ပုံမှန်ဆို လျှာရဲ့ အရောင်က အနီရောင်လုံးလုံးမဟုတ်သလို အနီနဲ့အဖြူရောစပ်ထားတဲ့အရောင်မျိုးပါ။ဒီလိုမဟုတ်ပဲ သင့်ရဲ့လျှာက မီးခိုရောင်၊အညိုရောင်သမ်းနေလား?ဒါက သင့်ရဲ့အူနဲ့ပတ်သက်တဲ့လက္ခဏာတစ်ခုပါပဲ။လျှာအရောင်ပြောင်းလဲနေတာအပြင် အော့အန်ချင်တယ်၊အစာအိမ်ထဲမှာ ယားယံနေတာမျိုးဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့သေချာပြသင့်ပါတယ်။ဆေးလိပ်အသောက်များတဲ့အခါမှာလည်းဒီလိုလျှာအရောင်ပြောင်းတတ်ပါတယ်။

*လျှာမှာအဖြူရောင်အစင်း၊အကွက်တွေဖြစ်နေတယ်

ဆေးလိပ်အသောက်များတဲ့အခါမှာလည်း လျှာမှာအဖြူရောင်အစင်း၊အကွက်တွေဖြစ်တတ်ပါတယ်။ဒါတွေကစိုးရိမ်စရာမရှိဘူးဆိုပေမဲ့လည်း ကင်ဆာဖြစ်ပွားမှုနှုန်းတစ်ခြားသူတွေထက် ၅ရာခိုင်နှုန်းများနေပါတယ်။တကယ်လို့ လျှာမှာ အဖြူရောင်အစင်းအကွက်တွေအများကြီးဖြစ်နေတယ်။လျှာယားယံနေတယ်ဆိုရင်ဆရာဝန်နဲ့သေချာပြသကြည့်သင့်ပါတယ်။တစ်ပတ်နဲ့ပျောက်မသွားဘူးဆိုရင်ပေါ့။

*လျှာကနီရဲနေတယ်

ပြောခဲ့ပြီးသလို လျှာက အနီရောင်လည်းလုံးလုံးမဟုတ်ပါဘူး။တကယ်လို့သင့်လျှာက စတော်ဘယ်ရီသီးလိုနီရဲနေတယ်ဆိုရင် ဒါက သင့်မှာ သံဓာတ်တို့၊B12 ဓာတ်တို့ချို့တဲ့နေလို့ပါ။ဒီဗီတာမင်တွေက မရှိမဖြစ်ဓာတ်တွေမို့လို့ သံဓာတ်များများပါတဲ့အစားအစာတွေ၊လိုအပ်တဲ့ဗီတာမင်တွေသောက်သုံးပေးသင့်ပါတယ်။ဒီလိုသောက်လို့မှမပျောက်သွားဘူးဆိုရင်တော့ ဒါက သင့်ရဲ့ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့သက်ဆိုင်နေတာကြောင့် ဆရာဝန်နဲ့ပြသပေးပါ

*လျှာက အညိုရောင်သန်းနေတယ်

လျှာအညိုရောင်သမ်းနေတယ်ဆိုတ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ကော်ဖီအသောက်များနေပြီဆိုတာသတိပေးနေတာပါ။တကယ်လို့ကော်ဖီကို နေ့တိုင်းစွဲမြဲသောက်နေဦးမယ်ဆိုရင်ကျန်းမာရေးလည်းထိခိုက်လာမှာဖြစ်သလို လျှာလည်းပိုပြီးညိုလာပါလိမ့်မယ်။လျှာကိုသေချာသန့်ရှင်းရေးလုပ်၊သွားတိုက်တံနဲ့သေချာပွတ်တိုက်သန့်စင်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

*လျှာမှာအဖုသေးသေးလေးတွေပေါက်နေတာ

လျှာမှာအဖုလေးတွေပေါက်နေတာက သိပ်ပြီးစိုးရိမ်စရာတော့မရှိပါဘူး။ဒါပေမဲ့ ဒီအဖုလေးတွေကယောင်ယမ်းသလိုဖြစ်နေမယ်။အစားစားနေတုန်းယားယံနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။

*လျှာမှာအရေးအကြောင်းတွေဖြစ်နေတာ

လျှာထုတ်ကြည့်လိုက်လို့ လျှာမှာအရေးအကြောင်းတွေ၊ကွဲအက်နေတဲ့အကြောင်းအရာတွေတွေ့တယ်ဆိုရင် စိုးရိမ်စရာတော့မရှိပါဘူး။တဖြည်းဖြည်းအသက်အရွယ်ရလာလေ လျှာတွေမှာလည်းအရေးအကြောင်းဖြစ်လာတတ်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှုကြောင့်ဖြစ်တတ်တဲ့လျှာအရောင်ပြောင်းလဲမှုတွေဟာ အချိန်ကာလတစ်ပတ်လောက်သေချာသန့်ရှင်းပေးရင်ပျောက်သွားပါလိမ့်မယ်။ဒါပေမဲ့အဲ့လိုမဟုတ်ဘူး၊မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးကြည့်ဖို့အကြံပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*