ညီမဖြစ်သူရဲ့ဆေးဖိုးကို ပေးချေနိုင်သူနဲ့ လက်ထပ်မယ်ဆိုပြီး ကြောညာခဲ့တဲ့ မိန်းကလေး ရဲ့အဖြစ် …

တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ဦးဟာ သွေးကင်ဆာရောဂါခံစားနေရတဲ့ညီမဖြစ်သူရဲ့ ဆေးကုသမှုစရိတ်ကိုပေးချေနိုင်သည့် မည်သူ့ကိုမဆိုလက်ထပ်မည်ဖြစ်ကြောင်း media တွေကို နောက်ပြောင်ပြောဆိုခဲ့ပါတယ် ။

အသက် 14နှစ်အရွယ် Cui Xiao အမည်ရှိတဲ့သွေးကင်ဆာရောဂါခံစားနေရတဲ့ ညီမငယ်လေးကို အစ်မဖြစ်သူCui Qiao က ကျောင်းတွေဆီကနေ ဆေးကုသမှုစရိတ်ရန်ပုံငွေ $78,000 အထိရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ကြိုးစားနေခဲ့ပေမဲ့လည်း ရန်ပုံငွေလုံလောက်စွာမရရှိခဲ့ပါဘူး ။

သူမရဲ့ဖခင်ဖြစ်သူကလည်း တစ်လကို $156 ဝန်းကျင်သာရှာဖွေနိုင်သူဖြစ်ပြီး ၊ မိခင်ဖြစ်သူမှာလည်း ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်နေသူဖြစ်ကြောင်း သိရှိရပါတယ် ။ Qiao တစ်ယောက်တည်းကသာ ပိုက်ဆံကို မိသားစုဝင်တွေအတွက် လုံလုံလောက်လောက်ဖြစ်အောင်ရှာဖွေပေးနိုင်သူဖြစ်ပေမဲ့လည်း ၊ ညီမဖြစ်သူ ပထမဆုံးအကြိမ်ဓာတုကုထုံးခံယူခဲ့ရတဲ့အချိန်မှာတော့ သူမရဲ့အလုပ်ကိုထွက်ခဲ့ရပြီး ညီမငယ်ကိုသာပြုစုစောင့်ရှောက်နေခဲ့ရတာပါ ။

ထို့ကြောင့် Qiao ဟာ မိသားစုရဲ့ဆေးဖိုးကုသစရိတ်တွေ အကူ အညီရအောင်ဆိုပြီး media ကိုအားကိုးကာ ဆေးဖိုးငွေချေပေးမည့်မည်သူ့ကိုမဆိုလက်ထပ်မည်ဖြစ်ကြောင်း နောက်ပြောင်ပြီးပြောဆိုခဲ့တာဖြစ်ေ ကြာင်းသိရှိရပါတယ် ။

သူမရဲ့နောက်ပြောင်ပြောဆိုမှုတွေဟာ တော်တော်လေးအရာရောက်သွားမယ်လို့ သူမ မထင်မိခဲ့ပါဘူး ။ သို့ပေမဲ့လည်း လူအများအပြားက ညီမဖြစ်သူရဲ့ဆေးကုသစရိတ်ကို ပေးလှူလာကြတဲ့အတွက် ခန့်မှန်းထားတဲ့ပမာဏထက်ပိုပြီး ရရှိခဲ့ကြောင်း သိရှိရပါတယ် ။

အစပိုင်းမှာတော့ ကျွန်မတို့မိသားစုရဲ့ အိမ်တွင်းရေးစိတ်မချမ်းမသာကိစ္စကို အပြင်လူတွေကိုမပေးသိစေချင်ပေမဲ့ ၊ ညီမရဲ့ဆေးကုသစရိတ်ကြောင့် မတတ်နိုင်တော့ပဲ အခုလိုဖွင့်ပြောခဲ့ရတာဖြစ်ကြောင်း Qiao ကပြောဆိုခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*