
တောင်ကိုရီးယားက Cafe ဆိုင်တစ်ဆိုင်ကတော့ အွန်လိုင်းမှာ အရမ်းကို နာမည်ကြီး နေပါတယ်။ နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ ကောင်းကင်ဘုံဆီ သွားတဲ့ လှေကား လိုမျိုး ဒီဇိုင်း ဖန်တီးပေးထားတဲ့ လှေကားလှလှလေးကြောင့်ပါ။ဒါကြောင့် အစားအသောက်ထက် ဓါတ်ပုံ ရိုက်လို့ အရမ်းကောင်းတဲ့နေရာ လေး တစ်ခု အဖြစ် နာမည်ကြီးနေတာပါ။Cafe ဆိုင်လေး ကတော့ တောင်ကိုရီးယားနိုင်ငံJeollanam-do ပြည်နယ်က Gokseong ဆိုတဲ့အရပ်မှာရှိတာပါ။
Cafe Cielo957 ကိုတော့ (၂၀၁၉) ဧပြီ အစောပိုင်းလောက်တည်းက စတင်ဖွင့်လှစ် ခဲ့တာပါ။ အ ခုဆိုရင် တော့ အဲ့ဒီ Cafe ဆိုင်လေးဟာ Instagram အသုံးပြုသူတွေကြားမှာ အရမ်း အရမ်းကို ရေပန်းစားနေပြီး ခရီးသွားသူတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ဓါတ်ပုံ ရိုက် လို့ပဲ ကောင်းတဲ့နေရာလေးလားလု့ိ မေးလာရင်တော့ မဟုတ်ပါဘူး။ဆိုင်မှာ အရမ်း အရမ်းကို အရသာရှိတဲ့ အစားအစာတွေကိုလည်း ရနိုင်ပါတယ်။
ရရှိနိုင်တဲ့ အစားအစာတွေကတော့ Cafe ဆိုင်ဖြစ်တာကြောင့် မုန့်အချိုတွေ၊ဖုတ်ထားတဲ့ စားစရာ မုန့်တွေနဲ့ ကော်ဖီ ရနိုင်ပါတယ်။အမှန်အတိုင်းပြောရရင်တော့ စားစရာထက် ဒီကော်ဖီဆိုင်လေးရဲ့ ကောင်းကင်ဘုံဆီသွားတဲ့ လှေကား လှလှလေး နဲ့ ဆိုင်ရဲ့ အပြင်အဆင်တွေ ကြောင့် နာမည်ကြီး တာပါ။ဆိုင်ရဲ့ အတွင်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ နေရောင်ကောင်းကောင်းရနိုင်အောင် ပြင်ဆင် ပေးထားတာကို တွေ့ရမှာပါ။ထူးခြားတဲ့ လှေကားလေးကတော့ ဆိုင်ရဲ့ အပြင်ဘက်မှာ ရှိတာပါ။
ကိုရီးယားကို ရောက်ဖြစ်လို့ Cafe Cielo957 ဆိုတဲ့ Cafe ဆိုင်လေးကို အလည် တစ်ခေါက် သွား မယ်ဆိုရင်တော့ ဆိုင်လိပ်စာက Jeollanam-do Gokseong-gun Gyeom-myeon Majeon-ri 957-5 ၊ ဆိုင်ဖွင့်ချိန်ကတော့ ကိုရီးယားစံတော်ချိန် နေ့လည် (၁၂) နာရီ ကနေ ည (၉)နာရီ အထိ ဖွင့်ပါတယ်။
Leave a Reply