သူနာပြုပီပီ မင်္ဂလာဆောင်တဲ့နေ့မှာလည်း လူနာတွေ့တော့ မနေနိုင်တဲ့ လေးစားစရာ သူမ

တရုတ်နိုင်ငံ Wafangdian, Liaoning မှာ သူနာပြုသတို့သမီးတစ်ယောက်ရဲ့လုပ်ရပ်ဟာတော့ သတင်းစာမျက်နှာတွေရဲ့ထိပ်ဆုံးကနေ နေရာယူနေပါပြီ။

ပြီးခဲ့တဲ့ စနေနေ့ မနက်ပိုင်းတစ်ခုမှာ Xie Dan ဆိုတဲ့သူနာပြုမလေး တစ်ယောက်ဟာ မင်္ဂလာဆောင်အပြီး အပြန် လမ်းမှာအမျိုးသမီးတစ်ဦး မေ့လဲသွားတာကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ရပါတယ်။

လူနာလည်းတွေ့ရော သူမအနေနဲ့ မနေနိုင်။ ကားကိုချက်ချင်းရပ်ခိုင်းပြီး ဆင်းကာ ထိုအမျိုးသမီဆီကို အပြေးလွှားသွားခဲ့ပါတယ်။ ရောက်ရာနေရာမှာပဲ ထိုင်ချကာ CPR သုံးပါတယ်။
သူမရဲ့အဖြူရောင်ဝတ်စုံကြီး ညစ်ပတ်သွားမှာကိုလည်း သူမဂရုမစိုက်နိုင်တော့ဘူး။ လူနာရဲ့အသက်ကသာအဓိကဖြစ်ခဲ့တယ်။

ဒီအဖြစ်ပျက်ကို ပတ်ဝန်းကျင်မှလူတွေလည်း ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်တင်ကာ သူမရဲ့လုပ်ရပ်ကိုချီးကျုးသြဘာတွေပေးကြပါတယ်။ ဒီလိုအခြေအနေမှာ ဘာကိုမှ ဂရုမစိုက်ပဲ လူတစ်ယောက်အသက်ကို ရဲရဲရင့်ရင့်ကယ်တင်သွားတဲ့ သူမရဲ့ကြိုးစားအားထုတ်မှုဟာ တကယ်ကိုအသိမှတ်ပြုစရာပါပဲ။

တကယ်ကို မေ့လဲသွားတဲ့ အမျိုးသမီးဟာ ဝှီးချဲနဲ့ဖြစ်ပြီး ကားတစ်စီးတိုက်မိကာ ထိုနေရမှာတင် သတိလစ်သွားခဲ့တာဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်း Xie Danနဲ့တွေ့တော့ ရသလောက်ကြိုးစားကြည့်ခဲ့ပေမယ့် ဆေးရုံရောက်တော့ ကံမကောင်းစွာနဲ့ လူနာရဲ့အသက် ဆုံးရှုံးလိုက်ရပြီလို့ သိရပါတယ်။

Xie Danနဲ့ သူမအမျိုးသားဟာ တွဲလာတာလည်းကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ပျော်ရွှင်စွာ မင်္ဂလာပွဲကျင်းပခဲ့ကြတာပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအခြေအနေမျိုးနဲ့ ကြုံခဲ့ရတော့ သူမလည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*