သရဲတစ္ဆေတွေ အများဆုံးနေထိုင်တတ်သော နေရာများ

သက်ရှိသတ္တဝါတွေအားလုံးလိုပဲ သရဲတစ္ဆေတွေမှာ ခိုမှီရာနေရာ ရှာရပါတယ်။ ရေကြည်ရာ မြက်နုရာ-ဆိုတဲ့ စကားအတိုင်း သရဲတစ်စ္ဆေနဲ့ နာနာဘာဝတွေ ဝိနာဘာဝတွေဟာ အခြား သက်ရှိသတ္တဝါတွေလိုပဲ ကိုယ်နဲ့ အဆင်ပြေမယ့် နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ များသောအားဖြင့်တော့ သူတို့အတွက် အစားအစာ၊ ရာသီဥတုဒဏ် ခံနိုင်မယ့် နေရာမျိုးကို ရွေးချယ်တတ်ကြပါတယ်။ ဒါကြောင့် သရဲတစ္ဆေတွေ အများဆုံး ခိုအောင်းလေ့ရှိတဲ့ နေရာတွေကို ပရိတ်သက်ကြီးအတွက် ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

(၁) သုဿန်သင်္ချီုင်း

လူတိုင်းနီးပါး တွေးကြတဲ့အတိုင်း သရဲတစ္ဆေတွေဟာ သုဿန်သင်္ချီုင်းမှာ အနေများပါတယ်။ အချို့ သုဿန်သင်္ချီုင်းတွေမှာ အဆောက်ဦအဟောင်းတွေ၊ သစ်ပင်ကြီးတွေဟာ ၎င်းတို့အတွက် အရိပ်အာဝါသတွေပါဘဲ။ ဒါ့အပြင် အစားအစာအဖြစ် လူသေကောင်ပုပ်တွေ ဖောဖောသီသီ ရနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

(၂) သစ်ကြီးဝါးကြီး

သစ်ကြီးဝါးကြီးဆိုတာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီးတွေကို ဆိုလိုပါတယ်။ ဒါကြောင့်လည်း ညောင်ညိုပင်က သရဲတို့ ဘာတို့ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာခဲ့တာပါ။ ဒီလိုနေရာမျိုးမှာ နေတဲ့ သရဲမျိုးကကျတော့ အခြားသရဲတွေထက် တန်ခိုး ဣဒ္ဓိပြည့်စုံကြတယ်လို့ ဆိုပါတယ်။ အသွင်အမျိုးမျိုး ဖန်ဆင်းနိုင်ပြီး လူတွေကို ပြုစားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေကျပြန်တော့လည်း ဘဝပေး ကုသိုလ်ကံကြောင့် နေစရာ ဘုံဗိမာန်ရှိပေမယ့် မိမိအသားကို ပြန်စားရတဲ့ သဘက်ကြီးတွေလည်း ရှိတတ်တယ်လို့ သိရပါတယ်။

(၃) လူမနေသောအိမ်

လူမနေတာ ကြာပြီဖြစ်တဲ့ အိမ်မျိုးကိုလည်း သရဲတွေဟာ လူရိပ်လူချေ မရှိနိုင်ဘူးဆိုတာသိရင် ဝင်ရောက် ခိုအောင်းနေထိုင်တတ်ပါတယ်။ အညာဘက်မှာတော့ မိသားစုလိုက် တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ခရီးသွားရတဲ့ အခါမျိုးမှာ အိမ်စောင့်နတ်ကို ခွင့်ပန်ပြီး၊ မကောင်းဆိုးဝါးတွေ အိမ်မှာ ဝင်ရောက်နေထိုင်ခြင်း မရှိစေဖို့ တောင်းပန်ပြီး သွားလေ့ရှိကြ
တယ်လို့ မှတ်သားရဖူးပါတယ်။

(၄) ဘုရားပျက်/ကျောင်းပျက်/ဇရပ်ပျက်


ဘုရားပျက်/ကျောင်းပျက်တွေမှာလည်း သရဲတွေ ခိုအောင်းနေထိုင်ကြတယ်လို့ စာပေတွေမှာ ဖော်ပြလေ့ရှိပါတယ်။ လူတော်များများ သွားဖို့ ကျောချမ်းတဲ့ နေရာတွေထဲမှာ အဲဒီနေရာတွေလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ တစ်ခါတရံ လူတစ်ချို့ ကိုယ်တိုင်တွေ့ဆုံခဲ့ရတာမျိုးကိုလည်း မကြာခဏ ကြားသိရပါတယ်။

(၅) ဆေးရုံ

သရဲအကြောင်း ပြောတဲ့အခါ ဆေးရုံတွေဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါလည်း ယုတ္ထိနည်းအရ ဖြစ်နိုင်ချေရှိပြီး၊ လူအသေအပျောက် အများဆုံးနေရာတစ်ခုလည်း ဖြစ်တာမို့ ဝိဉာဉ်တွေရဲ့ သဘောတရားအရ နီးစပ်ရာမှာ ခိုလှုံတတ်ကြပါတယ်။ ဒါ့အပြင် အခြားသရဲတွေကလည်း ဝင်ရောက်နေထိုင်ကြပြီး စွန့်ပစ်အစားအစာနဲ့ ကံနိမ့်နေတဲ့ လူနာတွေကို ပြုစားဖို့ ပူးဝင်ခိုအောင်းဖို့အကောင်းဆုံးနေရာလည်း ဖြစ်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*