အမြင့်မှာ အလုပ်လုပ်ရတဲ့ ဖေဖေ ပြုတ်ကျမှာစိုးလို့ အတောင်ပံတပ်ပေးလိုက်တဲ့ သမီးလေး . . .

ကလေး ဆိုတာကတော့ ကလေးလိုတွေး၊ ကလေးလိုပဲ လုပ်ကြတာ ပါဘဲ။ သူတို့တစ်တွေရဲ့ အတွေးဟာ အလွန် သန့်စင်ပြီး၊ သူတို့တစ်တွေရဲ့ အလုပ်ကအလွန်ကို အပြစ်ကင်းကြ ပါတယ်။ ဒါကြောင့်လည်း သူတို့ တစ်တွေရဲ့ အပြုအမူတွေဟာ ချစ်စရာ ကောင်းနေတာပေါ့။

အခုလည်း မဟာ ဓာတ်အားလိုင်း ပြင်ဆင်ရေး ဝန်ထမ်း ဖခင် တစ်ယောက်ဟာ အမြင့်မှာ အန္တရာယ်များစွာ အလုပ် လုပ်နေရတာကို သမီးဖြစ်သူက တက်နိုင် သလောက်

ကူညီခဲ့ ပါတယ်။ သမီးလေးဟာ ဖခင် အမြင့်မှာ အလုပ် လုပ်နေရတာကို သိတဲ့ အတွက် အောက်ကို မတော်တဆများ ပြုတ်ကျခဲ့ရင်ဆိုတဲ့ ကလေးအတွေးနဲ့ တောင်ပံလေးတွေ ဖခင်ကို တပ်ပေးလိုက်တာပါ။

ကလေးအတွေးနဲ့ ဆိုရင်တော့ အောက်ကို ပြုတ်ကျ လာရင်တောင်၊ တောင်ပံလေးတွေက ရှိနေတော့ မြေပေါ်မရောက်ခင် ထပျံ လိုက်ရင် အန္တရာယ် မဖြစ်တော့ ဘူးပေါ့။ ဒါကို ဖခင်က သမီးလေးရဲ့ စေတနာအရင်းခံကို ကောင်းကောင်း အသိအမှတ်

ပြုပြီး ဝတ်ဆင်လာ ခဲ့တာပါ။ ဒီဓာတ်ပုံ ကိုတော့ Keith Anderson က ရိုက်ယူပြီး သူရဲ့လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ တာပါ။ဓာတ်အားလိုင်း ပြုပြင်ရေး လုပ်သားတွေကို Lineman လို့ ခေါ်ကြ ပါတယ်။

သူတို့ တစ်တွေဟာ အန္တရာယ်အလွန်များတဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်နေရ ပေမယ့်၊ လုပ်အားခ ကတော့ ပြောပလောက်အောင် မြင့်မားတာ မျိုးတော့ မရှိပါဘူး။

ဒါပေမယ့် တတ်ထားတဲ့ ပညာရဲ့ သဘောတရား ကိုက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုဖို့ ကံပါ လာတော့ ဘယ် ငြင်းသာပါ့ မလဲလေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*