
ဂျပန်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Risa Hirako ရဲ့ လက်ရှိ ဓာတ်ပုံတွေပေါ်မှာ ထွက်ပေါ်လာတဲ့ ရုပ်ရည်အရဆိုရင်တော့ သူ့အသက်ကို အမှန်နဲ့အနီးစပ်ဆုံး ခန့်မှန်းဖို့ အတော်လေး မလွယ်ကူတဲ့ အခြေအနေပါ။ လက်ရှိ မျက်မြင်အတိုင်း ကျွန်တော် ခန့်မှန်းကြည့်လိုက်တယ် … အလွန်ဆုံး 30 ပေါ့။ အမှန်က စိတ်ထဲကနေ ခန့်မှန်းထားတာက (25)နှစ်ပါ။ ဒါပေမယ့် သူမရဲ့ ယခုရောက်ရှိနေတဲ့ အသက်က (45)နှစ်ပါတဲ့။ ဘုရားဘုရား လို့တောင် တ,ရမလိုလိုပါဘဲ။
Hiraco ရဲ့ Instagram မှာ Follower တစ်သိန်းနီးပါးအထိ ရှိနေပါတယ်။ သူမဟာ အဲဒီ Instagram ပေါ်မှာ Sexy ဓာတ်ပုံတွေနဲ့ ပုရိသတို့အသည်းနှလုံးကို ကိုင်လှုပ်နေသူ ဖြစ်ပါတယ်။ သူမဟာ အသက် (45)နှစ် ရှိပြီဆိုတာကိုလည်း သူမရဲ့ တရားဝင် Instagram နဲ့ Wikipedia page တွေ့မှာ တရားဝင်ကြေငြာထားပါတယ်။
သို့သော် သူမရဲ့ ပြစ်မျိုးမှည့်မထင် အလှတရားနဲ့ သက်သေအဖြစ် ပြလို့ရတဲ့ နုပျိုမှုတွေက အသက် (20) ဆိုရင်လည်း ယုံရမှာပါဘဲ၊ 21, 22, 23, 24, 25 …ဆိုလည်း ယုံရမှာပါ။ ဒါပေမယ့် Twitter အသုံးပြုသူတစ်ယောက်က သူ့ရဲ့ Page မှာ ” ကဲ … Hiraco ကတော့ အသက် 45 နှစ်တဲ့ဗျ … ခင်ဗျားတို့အတွက် ဒီမနက်ခင်းရဲ့ စိတ်ပျက်ဖွယ် ဖြစ်မလားပဲ ” လို့ ရေးခဲ့ပါတယ်။
Hiraco မတူညီတဲ့ ရုပ်ရည်Hiraco ဟာ ဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်ပြီး၊ MTV တွေ၊ အဝတ်အစားကြော်ငြာတွေ လက်ခံရိုက်ကူးနေသူ ဖြစ်ပါတယ်။ သူမဟာ ကျန်းမာရေးလည်း အထူးလိုက်စားပြီး၊ အနုပညာနဲ့ပတ်သက်တဲ့ ပွဲတွေမှာလည်း ဒိုင်အဖြစ်ဆောက်ရွက်နေသူ ဖြစ်ပါတယ်။ သူမရဲ့ Instagram မှာ ကိုယ်တိုင်လုပ် မုန့်တွေ၊ အစားအစာတွေ၊ Organic Make-up ပညာတွေအကြောင်းလည်း မကြာခဏ တင်လေ့ရှိပါတယ်။
သူမဟာ သရုပ်ဆောင်ဖြစ်တဲ့ Eisaku Yoshida နဲ့ လက်ထပ်ထားသူ ဖြစ်ပြီး LineBolg အမည်ရတဲ့ ဘလော့ဂ်တစ်ခုမှာလည်း ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့အကြောင်းတွေ တင်လေ့ရှိပါတယ်။ အဲဒီ ဘလော့ဂ်မှာတော့ သူမဟာ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ မွေးဖွားသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Leave a Reply