12နှစ်နီးပါးစုဆောင်းထားခဲ့တဲ့ငွေနဲ့ မိခင်ဖြစ်သူ အလိုအပ်ဆုံးအရာကိုလက်ဆောင်ပေးခဲ့တဲ့17နှစ်အရွယ်သားလေး

မိခင်ရဲ့မွေးနေ့ဆိုရင် လူအများစုကမိခင်အတွက် လက်ဝတ်ရတနာတွေ ၊ ငွေကြေး ဒါမှမဟုတ် အကောင်းဆုံးသောစားသောက်ဆိုင်တွေမှာ ဧည့်ခံပြီးလက်ဆောင်ပေးဖို့သာ စဉ်းစားမိကြမှာပါ ။ သို့ပေမဲ့လည်း အိန္ဒိယနိုင်ငံ Jodhpur မြို့က အသက် 17နှစ်အရွယ်ကောလိပ်ကျောင်းသားလေးမှာတော့ သူ၏မိခင်အမှန်တကယ်လိုအပ်နေသည့်အရာကိုသာ လက်ဆောင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ အဲဒါကတော့ မိခင်အသုံးပြုနေတဲ့ ရေခဲသေတ္တာမှာ ပျက်ဆီးသွားခဲ့တာအချိန်အတော်ကြာပြီဖြစ်နေခဲ့တဲ့အတွက် အသစ်တစ်ခုဝယ်ပေးဖို့ဖြစ်ပါတယ် ။ ထို့ကြောင့် သတင်းစာမှာကြော်ငြာထားတဲ့ရေခဲသေတ္တာကိုမြင်ပြီး ၎င်းလျှက်စစ်ပစ္စည်းဆိုင်ကိုသွားရောက်ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။

ထို့နောက် နှစ်ပေါင်းများစွာစုဆောင်လာခဲ့တဲ့ ဒင်္ဂါးပြားတွေထည့်ထားသော 35kg အလေးချိန်ရှိတဲ့အိတ်ကြီးကိုဆွဲယူပြီး ထွက်လာခဲ့ပါတယ် ။ အဆိုပါအိတ်ထဲတွင် ငွေပမာဏ RS13,500 (မြန်မာငွေ 2သိန်းကျော်)ဝန်ကျင်သာပါရှိတဲ့အတွက် အဆိုပါရေခဲသေတ္တာကိုဝယ်ယူဖို့ ငွေကြေးမလုံလောက်ခဲ့ပါဘူး ။ သို့ပေမဲ့လည်း သူ၏မိခင်ကိုလက်ဆောင်အဖြစ်ဝယ်ပေးချင်ခဲ့တဲ့ သူ၏ရည်ရွယ်ချက်ကိုဆိုင်ရှင်က သိရှိသွားခဲ့ပြီးနောက် ဈေးလျှော့ပေးကာ ပါလာသောငွေကြေးပမာဏကိုသာလက်ခံပြီး ရေခဲသေတ္တာကိုရောင်ပေးဖို့ သဘောတူခဲ့ပါတယ် ။

” ကျွန်တော်ဒဂါၤးတွေကို မြေအိုးထဲမှထည့်ပြီး စုဆောင်းထားခဲ့တာပါ ။ ပြီးတော့ ဒီငွေဒင်္ဂါးတွေကို ရေတွက်ဖို့ကျွန်တော်အချိန် 4နာရီလောက် ကြာမြင့်ခဲ့ပါတယ် ။ ဒါပေမဲ့ဆိုင်ရှင်က RS5 နဲ့ RS10 တန်ကြေးရှိတဲ့ဒင်္ဂါတွေကိုသာ ရေတွက်ခဲ့ပြီး ၊ ကျွန်တော့်မိခင်အပေါ်ထားရှိတဲ့ စိတ်ရင်စေတနာကို ယုံကြည်ပြီး ဒင်္ဂါးတွေကိုမရေတွက်တော့ဘူး ဆိုပြီးဆိုင်ရှင်က ကျွန်တော့်ကိုပြောခဲ့တယ် ” ဆိုပြီးRam Singh အမည်ရှိတဲ့အဆိုပါကောင်လေးက ရှင်းပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*