မသန်မစွမ်းအဖိုးအို အမှိုက်ကောက်နေတဲ့နေရာမှာ အမှိုက်ပစ်ချသွားကြတဲ့ လမ်းသွားသူများ

ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုအန်ဂါ ပြည်နယ် ပါဂါဒီယန် မြို့ရှိ ဈေးတစ်ခုတွင် မသန်မစွမ်း အဖိုးအိုတစ်ယောက်က လမ်းပေါ်မှာ အမှိုက်ကောက်အလုပ်လုပ်နေတဲ့ ဓာတ်ပုံတစ်ပုံထွက်ပေါ်လာခဲ့ပါတယ်။ဒီဓာတ်ပုံကို မြင်ကြတဲ့ အင်တာနက်အသုံးပြုသူများကတော့ မသန်မစွမ်းအမှိုက်ကောက်ခိုင်းတဲ့ ဈေးမြူနီစပယ် တာဝန်ရှိသူများကို အပြစ်တင်ခဲ့ကြသလို့ အဖိုးအို အမှိုက်ကောက်နေတုန်းမှာတောင် အမှိုက်များ လွှင့်ပစ်ခဲ့ကြတဲ့ လမ်းသွားလမ်းလာများကို ဝေဖန်ခဲ့ကြပါတယ်။


အမှိုက်ကောက်နေတဲ့ အဖိုးအိုဓာတ်ပုံကို ရိုက်ကူးပြီး ဆိုရှယ်မီဒီယာပေါ် အကူအညီတောင်းခဲ့သူတစ်ဦးကတော့ ” အဖိုးအိုက မသန်မစွမ်းဖြစ်ပြီး ဈေး ဂိတ် ၇ မှာ မြူနီစပယ်က အမှိုက်ရှင်းပေးရင်လုပ်ခပေးမယ်ဆိုလို့ရှင်းလင်းနေတာ ဖြစ်ပါတယ်။ဒီလို မသန်မစွမ်း အဖိုးအိုကို အခုလို အလုပ်ကြမ်းလုပ်ခွင့်ပြုခဲ့တဲ့ မြူနီစပယ်လူကြီးတွေဟာ လူစိတ်မရှိတဲ့ လူတွေဖြစ်ကြသလို အဖိုးအိုရှင်းနေတုန်းမှာပဲ အမှိုက်ပစ်သွားကြတဲ့ လမ်းသွားလမ်းလာတွေကလည်းတော်တော်ရက်စက်ကြပါတယ် ” လို့ပြောဆို အကူညီတောင်းခဲ့ပါတယ်။


ဒီ မသန်မစွမ်းအဖိုးအို သန့်ရှင်းရေးလုပ်နေတဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ လူသိများခဲ့ပြီး အဖိုးအိုကို ပိုပြီး သက်သာတဲ့ အလုပ်တစ်ခုရရှိအောင် ရှာပေးမယ်ဆိုတဲ့ သူတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ဒါ့အပြင် အခုလို မသန်မစွမ်းအရွယ်မှာမှ အသက်ရှင်ရေးအတွက် ကြိုးပမ်းနေရတဲ့ အဖိုးအိုကို ငွေကြေးများ စုပေါင်းလျှုဒါန်းဖို့ ပြင်ဆင်နေကြတယ် လို့သိရပါတယ်။

ဒါ့အပြင် တစ်ချို့သော သုံးစွဲသူများကလည်း ဓာတ်ပုံရိုက်လာခဲ့သူကို တကယ် ထိရောက်တဲ့ အကူအညီမပေးဘဲ ဓာတ်ပုံသာရိုက်လာခဲ့တဲ့အတွက် ဝေဖန်နေပြီး ဓာတ်ပုံရိုက်ကူးခဲ့သူကတော့ Social Media ပေါ်တင်ခြင်းက အဖိုးအိုကို သူအကူအညီပေးနိုင်တာထက်ပိုသာလွန် တယ်လို့ ပြန်လည် ချေပခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*