တစ်ပါးသူရဲ့ဖုန်းကိုခွင့်ပြုချက်မရဘဲလျှို့ဝှက်ပြီးစစ်ကြည့်မယ်ဆိုရင် ဒဏ်ကြေးငွေ မြန်မာငွေ သိန်း2ထောင်ကျော်ပေးရတဲ့နိုင်ငံ

လူတိုင်းလိုလိုဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့တခြားလူတစ်ယောက်ရဲ့ ဖုန်းကိုစစ်ကြည့်မိကြမှာပါပဲလေ ။ အထူးသဖြင့်တော့ ကိုယ့်ရဲ့ချစ်သူ ကိုယ့်ရဲ့နောက်ကွယ်မှာများဖောက်ပြန်နေလား ၊ ဒါမှမဟုတ်သူ့ကိုယ့်အပေါ်သစ္စာရှိသေရဲ့လား စသည်ဖြင့်ကိစ္စအမျိုးမျိုးတွေကြောင့် စစ်ကြည့်မိကြမှာပါ ။ သေချာတာကတော့ အဆိုပါလုပ်ရပ်မျိုးဟာမမှန်ကန်ပါဘူး ဒါပေမဲ့လူ့ရဲ့သဘောသဘာဝအရတော့ လုပ်နေမိတုန်းပါပဲ ။ အဆိုပါကိစ္စတွေကြောင့် စကားများရန်ဖြစ်ကြပြီး အချို့ဆိုရင်အချင်းချင်းမုန်းသွားကြတဲ့ အဆင့်ထိရောက်သွားတတ်ကြပါတယ် ။

ထို့ကြောင့် အဆိုပါလုပ်ရပ်မျိုးကို Saudi Arabia နိုင်ငံရောက်လို့ လုပ်မိရင်တော့လုံးဝကိုဒုက္ခရောက်သွားမှာပါ ။ ဘာလို့လည်းဆိုရင် အဆိုပါနိုင်ငံမှာ ဒီလိုလုပ်ရပ်တွေကပြစ်မှုမြောက်လို့ပါ ။ ချစ်သူဖြစ်ဖြစ် ၊ ဇနီးမောင်နှံအချင်းချင်းပဲဖြစ်ဖြစ် အခြားသူတစ်ယောက်ရဲ့ဖုန်းကိုခွင့်ပြုချက်မရပဲ ဝင်ကြည့်မိလို့ အရေးကြီးတဲ့အချက်အလက်တွေကိုတွေ့သွားမယ်ဆိုရင်တော့ အနည်းဆုံးထောင်ဒဏ်တစ်နှစ်ခန့်ချမှတ်ခံရမည်ဖြစ်သည့်အပြင် ဒဏ်ကြေးငွေအနေဖြင့် 500,000 Riyal (မြန်မာငွေ သိန်း2ထောင်ကျော်) ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

သို့ပေမဲ့လည်း အခြားသူတစ်ယောက်ရဲ့ဖုန်းကိုခွင့်ပြုချက်မရဘဲဝင်ကြည့်ခဲ့လို့ အရေးကြီးတဲ့အချက်အလက်တွေကိုမတွေ့ရှိခဲ့ဖူးဆိုရင်တော့ ထောင်ဒဏ်အနည်းငယ်လျှော့ကျပေးမည့်အပြင် ၊ ဒဏ်ကြေးငွေလည်း လျှော့ကျပေးမည်ဖြစ်ပါတယ် ။ ယခုကဲ့သို့ လုပ်ရပ်မျိုးကို Cybercrimes အနေနဲ့အမျိုးအစားသတ်မှတ်ထားကြောင်း သိရှိရပါတယ် ။ မိုဘိုင်းဖုန်းတင်မကသေးပါဘူး အခြားတစ်ပါးသူရဲ့ကွန်ပြူတာတို့ ၊ ကင်မရာတို့ကို ခွင့်မပြုချက်မရဘဲ စစ်ဆေးမယ်ဆိုရင်လည်း အလားတူပြစ်ဒဏ်မြောက်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*