တောရိုင်းဘုရင် ခြင်္သေ့ကြီးနှင့် မောင်နှမရင်းခြာသဖွယ် အတူနေထိုင်နေသည့် ချစ်စဖွယ် ခေတ်သစ်တာဇံမလေး

တောရိုင်းဘုရင် ခြင်္သေ့ကြီးနှင့် မောင်နှမရင်းခြာသဖွယ် အတူနေထိုင်နေသည့် ချစ်စဖွယ် ခေတ်သစ်တာဇံမလေး

ဆယ်စုနှစ်တစ်ခုကြာ လူတို့၏အာရုံကိုဖမ်းစားခဲ့တဲ့ တာဇံမင်းသားလေးရဲ့ဇာတ်ကားကို လူတိုင်း၏စိတ်ထဲတွင် မှတ်မိနေမည်မှာ အသေအချာပင်ဖြစ်ပေသည်။ထ်ိုဇာတ်ကားထဲတွင် မင်းသားလေးဟာ ငယ်စဥ်ကတည်းက တောထဲကိုရောက်သွားပြီး တိရိစ္ဆာန်များကြားထဲတွင် ကြီးပြင်လာခဲ့ရတာဖြစ်ပါတယ်။

 

ယခုတွင်တော့ ခေတ်သစ်တာဇံမလေးလို့ဆိုရမယ် ကောင်မလေးဟာ ဇာတ်ကားထဲကလို တောထဲရောက်သွားခြင်းမျိုးမဟုတ်ပေမဲ့ တောရိုင်းဘုရင် ခြင်္သေ့ကြီးနှင့် ရင်းနှီးနေပုံကတော့ ဇာတ်ကားထဲက တာဇံမင်းသား၏ရင်းနှီးပုံနှင့် အတူတူလို့ပင်ဆိုနိုင်ပေသည်။

အပြင်လောကတွင် တောရိုင်းတိရိစ္ဆာန်ဖြစ်သော ခြင်္သေ့များကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူခြင်းဟာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းအောင် အန္တရာယ်များသည်ဟု ဆိုကြပါသည်။

 

သို့သော် ချောမောလှပတဲ့ မိန်းမပျိုလေးကတော့ ခြင်္သေ့ကြီးကို အိမ်တွင်မွေးထားပြီး မောင်နှမရင်းခြာသဖွယ် အတူနေထိုင်နေပေသည်။ခေတ်သစ်တာဇံမလေးသည် ခြင်္သေ့ကြီးကို စနောက်ကျီစယ်နေသည်ကို မြင်ရသည်မှာ အလွန်ပင် ကြည်နူးဖွယ်ကောင်းနေသလို အချို့အချိန်များတွင် စွဲမက်ဖွယ်ပင် ဆွဲဆောင်မှုရှိနေပေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*