
အော်လန်ဒို ၊ ဖလော်ရီဒါမှာ နေထိုင်တဲ့ Michael Womer ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ကိုယ်ပိုင်ကန်မှာ မိချောင်းတွေကို ကျွေးမွေးထားခဲ့တာ ကြာပါပြီ။ မိချောင်းပေါင်း ၁ဝကောင်ကျော်ကို သူစိတ်ရှည်ရှည်နဲ့ ကျွေးမွေးထားရခြင်း ရည်ရွယ်ချက်ဟာ သက်သက်ရှိပါတယ်။
သူက မိချောင်းတွေကို မထိတထိ အစာကျွေးကျွေးပြီးရင် မိချောင်းကန်ပေါ်ကနေ ကြိုးကိုခိုပြီး ခုန်ပျံကျော်လွှားအမြဲလုပ်ပါတယ်။ ကြိုးဆိုတာလည်း သူလွှဲစီးလွန်းလို့ တဖြည်းဖြည်း လျော့ရွဲလာတယ်ထင်ပါတယ်။ စွန့်စားခန်းတွေ တစ်ယောက်တည်း ဖွင့်နေတုန်း ကြိုးပြတ်ကျကာ မိချောင်းကန်ထဲ ဗွမ်းခနဲကျပါတော့တယ်။
မိချောင်းဆိုတာ အိမ်မွေးတိရစ္ဆာန်မဟုတ်တော့ သူတို့ကိုအစာကျွေးထားတဲ့ သခင်ကိုလည်း အစာလိုသဘောထားပြီး ကိုက်ချင်ကိုက်တာပါ။ Mr Wamer တစ်ယောက် ဒဏ်ရာတွေတော့ ရခဲ့တယ်တဲ့။
Indiana Jones ဇာတ်ကားထဲကလို အမြဲတမ်း ကြိုးနဲ့ခုန်ပျံကျော်လွှားချင်ခဲ့တာတဲ့။ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို အမြဲစမ်းသပ်ရတာ သူသဘောကျတယ်။ လူတိုင်းအမှားလုပ်တတ်ပါတယ်။ ဒါပေမယ့် မှားသင့်တဲ့အမှားနဲ့ မမှားသင့်တဲ့ အမှားဆိုတာမျိုးကိုတော့ ခွဲခြားသိတယ်မလား။ သားရဲတိရစ္ဆာန်ဖြစ်တဲ့ မိချောင်းဆိုတာ အိမ်မွေးတိရစ္ဆာန်တွေလို ကောင်းကောင်းမွန်မွန် မွေးထားလို့ရတဲ့အရာမဟုတ်ပါဘူး။
Leave a Reply