သမီးငယ်ကိုပွေ့ချီပြီး မီတာ(၆၀)အမြင့်ကနေ Bungee Jumping ခုန်ချခဲ့တဲ့ဖခင် ဝေဖန်ခံနေရ

ဖခင်တစ်ဦးဟာ သမီးဖြစ်သူကို ပွေ့ချီပြီး ပေ (၂၀၀)အမြင့်ကနေ Bungee Jumping ခုန်ချ ကစားခဲ့တဲ့လုပ်ရပ်အတွက် ပြင်းထန်စွာ ဝေဖန်ခံရလျက်ရှိပါတယ်။ ဗီဒီယိုထဲမှာ မခုန်ချခင် ကလေးမလေးက အတော်ကြောက်နေတာကို တွေ့ရပေမယ့် ဖခင်ဖြစ်သူကတော့ သူ့သမီးကိုယ်တိုင် လိုက်ခုန်ချင်ကြောင်းတောင်းဆိုလို့ လိုက်လျောပေးခဲ့တာဖြစ်ကြောင်း ပြောပါတယ်။


ဝေဖန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ “စိတ်ထိန်းကြပါ။ Mecca ကိုယ်တိုင်က ကျွန်တော်နဲ့ လိုက်ခုန်ချင်ခဲ့တာပါ။ အတင်းလုပ်ခိုင်းခဲ့တာမဟုတ်ပါဘူး။ ပထမအကြိမ်ခုန်ချရတာ ကလေးက ပျော်တောင်ပျော်နေပြီး နောက်တစ်ခါထပ်လုပ်ချင်ပေမယ့် ကျွန်တော် မလုပ်ခိုင်းတော့တာပါ” လို့ ဖခင် Rozlan က ပြောခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ မလေးရှားနိုင်ငံ ကွာလာကူဘာဘာရူပြည်နယ်မှာ ဖြစ်ပွားခဲ့ဖြစ်ပါတယ်။

ဖခင် Rozlan က သမီးငယ် Mecca ကို ချီပြီးခုန်ချသွားပေမယ့် သမီးငယ်လေးဟာ လုံးဝအော်လည်းမအော် ငိုလည်း မငိုခဲ့ပါဘူး။ ကံကောင်းစွာနဲ့လည်း ဘာမတော်တဆမှုမှ မရှိခဲ့ပါဘူး။ ကစားနည်းကို တာဝန်ယူခဲ့တဲ့ Azmi ဆိုသူကတော့ ခုန်ချဖို့ ကြိုးနဲ့အခြားပစ္စည်းတွေရဲ့ လုံခြုံစိတ်ချရမှုကို စမ်းသပ်ပြီးဖြစ်ပြီး တကယ်တော့ စိတ်ပူဖို့ မလိုကြောင်းဆိုပါတယ်။


ကလေးရှေ့နေ Goh Siu Lin ကတော့ အခုလို ကြိုးနဲ့ခုန်ချခြင်းဟာ နုနယ်တဲ့ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ကြောင်းနဲ့ ၎င်းကဲ့သို့ အစွန်းရောက်အားကစားနည်းတွေမှာ ကလေးတွေကို မဆော့စေသင့်ကြောင်း ပြောခဲ့ပါတယ်။ အဝေဖန်ခံနေရတဲ့ Rozan ဟာ မလေးရှားရှိ တီဗီအစီအစဉ်ပြိုင်ပွဲတွေမှာလည်း ပါဝင်ဖူးသူဖြစ်တဲ့အတွက် လူသိများသူတစ်ဦးလည်းဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*