အချစ်စစ်ကို လိုက်လံရှာဖွေရင်း ခင်ပွန်းဟောင်း (၁၀) ယောက် ပိုင်ဆိုင်သွားတဲ့ အမျိုးသမီး

သူမနာမည်ကတော့ Cassey ပါ။ Cassey ဟာ အမေရိကန်နိုင်ငံသူတစ်ဦးဖြစ်ပြီးတော့ အသက်ကတော့ ၅၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူမအနေနဲ့ လက်ရှိအချိန်မှာ အိမ်ထောင်ဆက်ဟာ (၁၀)ဆက်ရှိနေပါပြီ။ အခုလည်း နောက်ဆုံး လက်ထပ်ထားခဲ့တဲ့ အမျိုးသားနဲ့ ကွာရှင်းခဲ့တာ သိပ်တောင် မကြာသေးပါဘူးတဲ့။


တကယ်တော့ Cassey အနေနဲ့ အိမ်ထောင်ပြုနေတယ်ဆိုတာ ရည်ရွယ်ချက်တစ်ချက်ပဲရှိနေပါတယ်။ အဲဒါကတော့ အချစ်စစ်ကိုရှာဖွေဖို့ပါတဲ့။ Cassey အတွက်က အချစ်စစ်ကိုရှာတွေ့ဖို့ဆိုတာဟာ သာမန်အနေနဲ့ မဖြစ်နိုင်ခဲ့ပါဘူး။ သူမဟာ လက်တွေ့ကျတ့ အမျိုးသမီးဖြစ်တာကြောင့် အိမ်ထောင်ပြုပြီး နှစ်ဦးသားအတူတူနေကြည့်ပေါင်းသင်းပြီးကာမှ ဒီအမျိုးသားကို ချစ်မချစ်ဆိုတာကို ဆုံးဖြတ်နိုင်မယ်ဆိုတဲ့ စိတ်ကြီးက ကြီးဆိုးထားခဲ့တာပါ။

 

ဒီအကြောင်းကို Cassey အနေနဲ့ Dr. Phil ရဲ့ အစီအစဉ်တစ်ခုမှာ ပေါ်လာခဲ့ပြီးတော့ သူမရဲ့ ခံယူချက်တွေနဲ့ ဘဝအကြောင်းကို ရင်ဖွင့်ပလာခဲ့တာပါ။
တစ်ခါတစ်လေကျရင် သူမရဲ့ ခံယူချက်နဲ့ အိမ်ထောင်ဆက် ၁၀ ဆက်တို့ကြောင့် လူတွေဟာ လှောင်ကြတာတွေရှိသလိုပဲ တချို့ကျတော့လည်း သူမကို သနားသလိုလို၊ ရွံရှာသလိုလိုမျိုးတွေဖြစ်တတ်ကြပါတယ်တဲ့။ သူမဟာလည်း တစ်ခါတစ်လေကျရင် ဘဝကြီးကို စိတ်ပျက်လျက်ရှိနေပါတယ်တဲ့။ ဒါပေမဲ့ Cassey ရဲ့ စိတ်ကိုက ချစ်သူတွေဖြစ်နေတဲ့အချိန်ဆိုရင် တစ်ဖက်က အမျိုးသားကို အရမ်းတွေချစ်နေပြီးတော့ အပြစ်မမြင်မိပေမယ့်လို့ လက်ထပ်ပြီးတာနဲ့ သိပ်တောင်မကြာဘဲနဲ့ အဲဒီလူကို စိတ်တွေပျက်လာပြီးတော့ အမြဲတမ်း သူမကချည်းပဲ သည်းမခံနိုင်တော့ဘူး၊ ကွာရှင်းတော့မယ်ဆိုတာကို ထုတ်ပြောခဲ့တာပါတဲ့။ ဒါတောင် Cassey ရဲ့ ပထမဆုံးအိမ်ထောင်က ၈ နှစ်တောင် ကြာရှည်ခဲ့ပါတယ်။


စီးပွားရေးလုပ်ငန်းကိုလည်း ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာဖြစ်တဲ့အတွက် သူူမကို လာထိန်းချုပ်ရင်လည်း လုံး၀ မကြိုက်တဲ့ ပုံစံမျိုးပါ။ ဒုတိယ ခင်ပွန်းဟောင်းကနေ အခုနောက်ဆုံး ခင်ပွန်းအထိ ထိန်းချုပ်လွန်းအားကြီးတဲ့အတွက်ကြောင့် အဆင်မပြေဖြစ်လာပြီး စိတ်ပျက်ကာ အကုန်လုံးကို ကွာရှင်းလိက်တော့တာပါပဲတဲ့။ ဒါပေမဲ့လည်း အခုလို အိမ်ထောင်ဆက်တွေများနေလည်း သူမကတော့ အချစ်စစ်ကိုမတွေ့ခင်အချိန်ထိ ချစ်သူရှာပြီး အိမ်ထောင်ပြုကြည်နေဦးမှာပါတဲ့လေ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*