
ကံကြမ္မာကတွေက ဒါနာ မာဂျီ ကို ပြောင်းလဲစေပါတယ်။ အိုဒီရှားမှ အကူအညီမဲ့နေသော တောသားကြီး ဟာ ပခုံးများအပေါ်သူ့ဇနီးသည်၏ရုပ်အလောင်း ကိုသယ်ဆောင်လာနေတဲ့ ဗီဒီယိုက တစ်တိုင်းပြည်လုံးကို ပျံ့နှံ့ပြီး ထိန့်လန့်တုန်လှုပ်စေခဲ့ပါတယ်။
ဒီနေ့ Bahrian ၀န်ကြီးချုပ် ကာလီဖာ ဘင် ဆန်လ်မန် အာလ် ကာလီဖာ မှရရှိခဲ့သော ငွေ ၉ သိန်းအပါအဝင် အလှူရှင်များမှ ငွေကြေးအကူအညီရရှိခဲ့သော မာဂျီ သည် အိမ်တစ်လုံးနှင့် မော်တော်ဆိုင်ကယ် တစ်စီးပိုင်ဆိုင်ထားပါတယ်။
မာဂျီဟာ သူ့ရဲ့သေဆုံးပြီးသား ဇနီးသည်၏အလောင်းနှင့် ကီလိုမီတာ ၁၀ ခန့် လမ်းလျှောက်နေတာ ကို ဗီဒီယိုထဲတွင် တွေ့ရပါတယ်။ နိုင်ငံ၏တောအကျဆုံးနေရာများနှင့် အိုဒီရှာတွင်ရှိသော ကျန်းမာရေးကူညီမှုလိုအပ်ချက်များ နှင့်ဆင်းရဲသားများ၏အခြေခံအဆောက်အအုံကို ပေါ်လွင်ထင်ဟပ်စေတဲ့ ၄င်းဗီဒီယိုဟာ မာဂျီရဲ့ဆင်းရဲဒုက္ခကို ပြသခဲ့တာပါ။
နောက်ထပ်အိမ်ထောင်ပြုလိုက်သော ကာလဟန်ဒီထံ ထောက်ပံ့မှုအကူအညီ စရောက်လာတာပါ။ တစ်ကယ်တော့ Pradhan Mantri Grameen Vikas Yojna အောက်တွင် သူ့ကို အိမ်တစ်လုံးခွဲဝေပေးလိုက်ခြင်းဖြစ်သည်။ အစတုန်းကတော့သူ့မှာ ဘဏ်စာရင်းမရှိခဲ့ပါဘူး။ သို့သော် ယခု အတော်ကြီးမားတဲ့ ဘဏ်စုငွေတွေရှိပါတယ်။
မာဂျီရဲ့သမီးသုံးရောက်ဟာ Bhubaneshwar မှာရှိတဲ့ လူနေကျောင်းတစ်ခုတွင် အခမဲ့ပညာသင်ကြားခွင့်ရပါတယ်။
ပြီးခဲ့တဲ့နှစ်သြဂုတ်လတွင် ကားစီးဖို့မတတ်နိုင်သဖြင့် သူ့ဇနီးကို အဝတ်ဖြင့်ပတ်ထားကာ ထမ်းပိုးလမ်းလျှောက်လာခဲ့တဲ့ ၄င်းလမ်းမပေါ်မှာဘဲ အင်္ဂါနေ့ က ရူးပီး ၆၅၀၀၀ ဖြင့်ပြခန်းမှသူဝယ်ယူထားတဲ့ ဆိုင်ကယ်အသစ်တစ်စီးစီးကာ ရောက်လာပါတယ်။
Leave a Reply