လူအများကူးနေကြတဲ့ ရေကူးကန်တစ်ကန်မှာ ကျင်ငယ်ရည်ပါဝင်မှု ဘယ်လောက်ရှိနိုင်မလဲ

ရေထဲမှာ စိမ်နေတာလား၊ ရှူးရှူးထဲမှာစိမ်နေတာလား အတိအကျစစ်ဆေးတဲ့အခါမှာတော့ ထွက်လာတဲ့ရလဒ်က အံ့အားသင့်စရာပါ။

နွေရာသီရောက်ခါနီးတော့ ရာသီဥတုပူတာကတစ်ကြောင်း၊ အားလပ်ရက်ဖြစ်တာကတစ်ကြောင်းကြောင့် မိသားစုအတော်များများနဲ့ သူငယ်ချင်းတွေအုပ်စုလိုက်သွားဖို့ရွေးချယ်ကြမယ်ဆို ရေသွားကူးကြမယ်ဆိုပြီး ရွေးချယ်မိကြမှာပါပဲ။

ဒါပေမယ့် ကနေဒါနိုင်ငံမှာလုပ်တဲ့စမ်းသပ်မှုအရ ရေကူးကန်ထဲမှာ ကျင်ငယ်ရည်ပါဝင်မှုဟာ အံ့သြဖွယ်ရာမြင့်တက်နေတာကိုတွေ့ရပါတယ်။

ရေကူးကန် ၃၁ကန်နဲ့ ရေပူစမ်းတွေကို စမ်းသပ်စစ်ဆေးမှုလုပ်တဲ့အခါမှာတော့ Urine ပါဝင်မှုဟာ သူတို့ထင်ထားတာထက် ပိုမိုဆိုးရွားနေကြောင်း ပြောကြားခဲ့ပါတယ်။

သာမန်ရေကူးကန်တစ်ခုမှာ ကျင်ငယ်ရည် ၁၉ဂါလန်အထိပါဝင်နိုင်တယ်လို့ဆိုပါတယ်။

ဒီထက် လူအသုံးပြုတာများတဲ့ ရေကူးကန်တွေမှာဆိုရင်တော့ ပိုများနိုင်တယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*