သမီးရဲ့အသက် ကို ကယ်ဖို့ မိုင်(၇၀၀)ခြေဗလာလျှောက်ပြီး ရန်ပုံငွေရှာနေ တဲ့ စစ်သားကြီး

မိဘတွေဟာ သားသမီးတွေကို ဘယ်လောက်ချစ်ကြတယ်ဆိုတာ စာဖွဲ့ပြရုံနဲ့ မလုံလောက်ပါဘူး။ မိဘတွေရဲ့ချစ်ခြင်းမေတ္တာဟာ သားသမီးတွေ အပေါ်မှာ မဟာသမုဒ္ဒရာနဲ့ ပဲဖြစ်ဖြစ်၊ မြင်းမိုရ်တောင်နဲ့ ပဲဖြစ်ဖြစ် နှိုင်းစာလို့ မ ရပါဘူး။ သားသမီးတွေအတွက် အသက်ပေးဖို့ ဝန်မလေးသူတွေဟာ မိဘတွေသာ ဖြစ်ပါတယ်။

ကိုယ့်ကလေးလေး နေမကောင်းဖြစ်ရင် စိတ်ဆင်းရဲကြီးစွာနဲ့ ငါ့ပဲဖြစ်လိုက်ပါတော့။ အဖေ့သာ ဒီရောဂါလာဖြစ်လိုက်ပါတော့။ အမေ့သာ ဒီရောဂါ လာဖြစ်လိုက်ပါတော့လို့ အနီးစပ်ဆုံး ကိုယ်ချင်းစာကြသူတွေဟာ မိဘတွေသာ ဖြစ်ပါတယ်။ အခုအဖြစ်လေးကတော့ စို့နင့် ကျေကွဲစရာပါ။

တပ်မတော်ကြည်းတပ်ဗိုလ်မှူးတစ်ယောက်ဖြစ်တဲ့ Chris Brannigan သာ သမီးလေးရဲ့အနာဂတ်အတွက် မိုင်(၇၀၀)ခြေဗလာလမ်းလျှောက်ပြီး၊ ရံပုံငွေ စုဆောင်းနေရှာဖွေနေကြောင်း Ladbible သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဗိုလ်မှူး Chris ဟာ အသက်(၄၀)နှစ်ဖြစ်ပြီး၊ ဇနီးဖြစ်သူအမည်ကတော့ Hengameh Delfaninejad ဖြစ်ပါတယ်။ သူမက (၄၂)နှစ်ပါ။ သူတို့ရဲ့သမီးလေး Hasti (၈)နှစ်ဟာ ရှားပါးမျိုးဗီဇရောဂါတစ်မျိုူးဖြစ်တဲ့ Cornelia de Lange Syndrome (CdLS) အမည်ရ ရောဂါကို ခံစားနေရပါတယ်။

(၂၀၁၈)ခုနှစ်ကတည်းက ဒီရောဂါခံစားနေရတာဖြစ်ပြီး၊ ဒီရောဂါကုထုံးကိုရှာဖို့အတွက် ဖခင်စစ်သားကြီးမှာ မိုင်(၇၀၀) ခြေဗလာခရီးနှင်ပြီး၊ ရန်ပုံငွေ ရှာခဲ့ရတာပါ။CdLS ရောဂါဟာ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ တဲ့စေပြီး၊ ရေရှည် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

နောက်ပြီး ဒီရှားပါးရောဂါအတွက် ကုထုံးရယ်လို့ မယ်မယ်ရရ မရှိသေးပါဘူး။ Hasti ကတော့ သူမ ကြီးလာရင် အကပညာကို လေ့လာမယ်လို့ ဆိုပါတယ်။ နောက် စာဖိုမှူးလည်း ဖြစ်ချင်ပါသတဲ့။

သမီးလေး အသက်ရှည်စေဖို့ ဖခင် Chris နဲ့ မိခင် Hengameh တို့ဟာ ဇူလိုင်(၆)ရက် တနင်္လာနေ့မှာ Hope For Hasti အမည်ရ ပရဟိတအဖွဲ့လေးကို စတင်ခဲ့ပြီး၊ ရန်ပုံငွေအတွက် Chris ကိုယ်တိုင် Land’s End ကနေ Edinburgh ကို မိုင်(၇၀၀) ခြေဗလာခရီး စတင်ခဲ့ပါတယ်။

ဖိနပ်မဝတ်တဲ့ အတွက် ခြေဖဝါးအရေပြားတွေဟာ တဖြည်းဖြည်း စုတ်ပြဲလာခဲ့ပြီး၊ နောက် အနာတွေ က အစိမ်းကျက် ကျက်ပြီး အသား မာတွေဖြစ် အသွင်ပြောင်းသွားပါတယ်။ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို မြင်နိုင် တဲ့ ကြိုးစားမှုလေးပါ။

သမီလေးဆေးကု ဖို့ဆိုတာထက်၊ ဒီရောဂါကို ပညာရှင်တွေ သုတေသနပြုဖို့ လိုအပ်တဲ့ကိစ္စတွေမှာ လှူတန်းမှာပါတဲ့။သမီးဖြစ်သူ Hasti အတွက် လက်တလောမှာ ကုထုံးက မျှော်လင့်လို့မရပေမယ့် နောက်လာမယ့် သားငယ်သမီးငယ်တွေအတွက် ဒီရောဂါမျိုးကို ကုထုံးတွေ ရှိစေချင်တာ Chris ရဲ့ဆန္ဒပါ။

လောလောဆယ်တော့ ပစ်မှတ်ထား တဲ့ ရန်ပုံငွေပေါင်(၂)သိန်းခွဲလျှာထားချက်အနက် ရန်ပုံငွေ ပေါင် (၂၀၉၁၃၀)ရနေပါပြီ။ Crd

Be the first to comment

Leave a Reply

Your email address will not be published.


*