ပြုံးနည်း၊ထိုင်နည်းကအစအသေးစိတ် သင်ယူနေရတဲ့ တရုတ်လေယာဉ်မယ်များ

တရုတ်လေယာဉ်မယ်လေးတွေဟာ Luoyang မြို့က လေယာဉ်အမှုထမ်းလေ့ ကျင့်ရေးကျောင်းရဲ့ တင်းကြပ်တဲ့လေ့ကျင့်သင်ကြားမှုပုံစံတွေအောက်မှာ ကြိုးစား သင်ယူနေကြရပါတယ်။သူတို့ရဲ့ စာမေးပွဲအတွက် လက်ဆွဲနှုတ် ဆက်တာက အစ ကိုယ်နေဟန်ထားအဆုံး အရာအားလုံးကို သင်ယူနေကြရတာဖြစ်ပါတယ်။ အနီ(သို့)အပြာရောင် ယူနီဖောင်းကို ဝတ်စုံပြည့်ဝတ်ထားတဲ့လေယာဉ်မယ်ေ လးတွေဟာ တမူထူးခြားတဲ့ လေ့ကျင့်မှုတွေကို ပါပြုလုပ်ကြရပါတယ်။


ကိုယ်နေဟန်ထားကိုလုံး၀ ပြီးပြည့်စုံကောင်းမွန်ဖို့ စာအုပ်ကိုခေါင်းပေါ်တင် ဒူးခေါင်းနှစ်ခုကြား စက္ကူကို ညှပ်ပြီး အဲ့ဒီကိုယ်နေဟန်ထားအတိုင်း မလှုပ်မယှ က်နေကြရပါတယ်။ဒါတင်မကပဲ အပြုံးချိုချိုလေးတွေ ပြုံးနိုင်ဖို့ ပါးစပ်ထဲမှာ ပလတ်စတစ်တူကိုလည်း ကိုက်ထားရပါသေးတယ်။ဓါတ်ပုံထဲမှာတော့ အနက်ရောင် သားရေဘောင်းဘီကို ဝတ်ထားတဲ့ သင်ကြားပေးသူအမျိုးသမီး က လေယာဉ် မယ်လေးရဲ့ ဒူးခေါင်းနှစ်ချောင်းကြား စက္ကူကိုလာထည့်ပေးနေတဲ့ ပုံလည်း ပါဝင်ပါတယ်။

လက်ဆွဲနှုတ်ဆက်တာ၊လမ်းလျှောက်တာ ၊ဆောင့်ကြောင့်ဝပ် တုပ်ထိုင်တာအစ စာသင်ခန်းထဲမှာ သင်ယူရတာပါ။

ဟန်ပါပါလမ်းလျှောက်နိုင်ဖို့ကိုလည်း သင်ကြားပေးပြီး ကိုယ်နေဟန်ထားပုံ ကျမကျကို မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုကိုယ်စစ်ဆေးရတာတွေလည်း လုပ်ရ ပါတယ်။

လေယာဉ်မယ်ယူနီဖောင်းဝတ်စုံပြည့်နဲ့ လေ့ကျင့်ရတာတွေတင်မက အရေးပေါ် အခြေအနေနဲ့ကြုံတွေ့လာခဲ့ရင် ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ Chengdu မြို့မှာ စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုတွေကိုလည်း ပြုလုပ်ကြ ရတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*