ကလေးလေးချီပြီး ဟော်တယ်အပြင်ဘက်မှာ ထူးထူးဆန်ဆန်း အမျိုးသမီးတစ်ယောက် ဘာလို့ရပ်နေလဲ ဆိုတော့

ဟော်တယ် receptionist တစ်ယောက်ဖြစ်တဲ့ Ms.Duyenဟာ တစ်နေ့မှာ ဟော်တယ်ရှေ့ ကလေးလေးတစ်ယောက်ချီပြီး ရပ်နေတဲ့ အမျိုးသမီးကို တွေ့ပါတယ်။ သူမတွေ့တာ ၁ဝနာရီ ဝန်းကျင်လောက်မှာပါ။ ၁၁နာရီမှာ သူမအိပ်မယ်လုပ်တော့ အခန်းပြတင်းပေါက်ပိတ်ချိန်မှာ အဲ့ဒီချိန်ထိ မတ်တပ်ရပ်စောင့်နေတုန်းပါပဲ။

သူမလည်း မနေနိုင်တာနဲ့ အကျိုးကြောင်းသွားမေးကြည့်တော့ ထိုအမျိုးသမီးရဲ့ယောကျ်ားက အလုပ်ရှိတယ်..နောက်ကျမယ် အိမ်ပြန်မအိပ်ဘူးဆိုပြီး ဒီဟော်တယ်ရောက်နေကြောင်း သိရလို့ လိုက်လာတာတဲ့။ ထင်ထားတဲ့အတိုင်း ယောကျ်ားဖြစ်သူ ဖောက်ပြန်နေတာကို သိသိနဲ့ ဟော်တယ်ထဲလည်းမဝင်နိုင် အပြင်မှာပဲ မတ်တပ်ရပ်နေပါတယ်။

Ms.Duyen လည်း မနေနိုင်တာနဲ့ သူမရဲ့ကျန်းမာရေးနဲ့ ကလေးလည်းရှိနေတော့ အထဲကို ဝင်ခဲ့ဖို့ပြောရပါတယ်။ ထိုအမျိုးသမီးလည်း မျက်ရည်တွေကျနေပြီး ကလေးလေးလည်း ငိုနေပါတယ်။ ဒီလို မတ်တပ်ရပ်နေမယ့်အတူတူ အိမ်ကိုပြန်ပါပြောတော့လည်း မပြန်ဘူူး။ သူမ အမျိုးသားကို Ms.Duyen မှတ်မိပါတယ်။

မိန်းမငယ်လေးတစ်ယောက်နဲ့ ပျော်ပါးပြီးရောက်လာတာ။ စောင့်မယ်ဆို ကလေးကို ငဲ့ညှာတဲ့အနေနဲ့ဟော်တယ်ထဲမှာ စောင့်ဖို့ ပြောရတယ်။

ဒီအမျိုးသမီးရင်ထဲ ဘယ်လောက်တောင်နာကျင်နေမလဲ မိန်းကလေးချင်း ကိုယ်ချင်းစာမိပါတယ်။ ကလေးလေးတောင် လသားပဲရှိသေး။ ကိုယ့်ယောကျ်ားက အခြားမိန်းမနဲ့ ဖောက်ပြန်နေတဲ့ အခြေအနေမျိုးဘယ်မိန်းမမှ ကြုံတွေ့ချင်မှာမဟုတ်ပါဘူး။ နောက်တစ်နေ့ မနက် သူတို့ချင်း ထိပ်တိုက်တွေ့တော့ ယောကျ်ားဖြစ်သူနဲ့ဟော်တယ်အပြင်မှာ စကားအေးဆေးသွားပြောကြပါတယ်။ အမျိုးသမီးရဲ့ရင်ထဲ ဘယ်လောက်ခံစားနေရမလဲဆိုတာ အပြင်လူအနေနဲ့တောင် အတိုင်းသားမြင်နေရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*