
အသက် (၁၇) နှစ်နဲ့ ယူရိုထီပေါက်ကာ သန်းနဲ့ချီချမ်းသာသွားခဲ့သူ အမျိုးသမီးလေး Jane Park ဟာ အခုနှစ်ထဲအသက် (၂၃) နှစ်ရှိနေပြီဖြစ်ပါတယ်။ ယူရိုထီပေါက်တဲ့ ကံထူးရှင်တွေထဲ အသက်အငယ်ဆုံးကံထူးရှင်လေးဖြစ်နေဆဲပါပဲ။
ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်တောင်မကူးဖူးတဲ့ပိုက်ဆံတွေ ပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့အတွက် သူမဘဝဟာနေ့ချင်းညချင်းဆိုသလိုပြောင်းလဲသွားခဲ့ပါတယ်။ တစ်နာရီကို ဒေါ်လာ (၁၀.၅၀) သာရရှိတဲ့ အလုပ်ကနေ ထွက်ပြီး မိခင်ဖြစ်သူနဲ့ အတူတူနေနေတဲ့ တိုက်ခန်းကျဉ်းလေးကနေ ကိုယ်ပိုင်အိမ်သို့ ပြောင်းရွှေ့နေခဲ့ပါတယ်။
မိန်းကလေးဖြစ်တဲ့အတွက် အလှအပရေးရာမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါသးတယ်။ သွားဖုံးခွဲစိတ်ပြုပြင်တာတွေနဲ့ ရင်၊တင်ခွဲစိတ်ပြုပြင်တာတွေပြုလုပ်ကာ အရင်ကထက်ပိုပြီး လှပလာခဲ့ပြီး ပိုက်ဆံလေးကလည်း ချမ်းသာနေသော်လည်း ဘဝရဲ့အကြီးမားဆုံးဟာကွက်တစ်ခု သူမမှာရှိနေဆဲပါ။
အိမ်တွေ၊ ကားတွေနဲ့ ဇိမ်ခံခရီးတွေ ကမ္ဘာပတ်ခရီးစဉ်တွေနဲ့ သူမဘဝဟာ ပြည့်နှက်နေပေမယ့် အချစ်ရေးမှာတော့ ကံဆိုးနေရဆဲပါပဲ။ သူမထီပေါက်တဲ့သတင်းဟာ ဗြိတိန်တစ်နိုင်ငံလုံးသိနေတဲ့အတွက် သူမဆီကို ချင်းကပ်လာတဲ့ ယောက်ျားတိုင်းဟာ သူမကို တကယ်ပဲချစ်လို့လား ဒါမှမဟုတ် သူမဘဏ်စာအုပ်ထဲက ကိန်းကဏန်းတွေကိုပဲ ချစ်တာလား ဝေခွဲလို့မရခဲ့ပါဘူး။ သူမကို တကယ်မချစ်တဲ့လူဆီကို တစ်ဘဝလုံးပုံအောပစ်မိလိုက်တဲ့အခါ သူမရဲ့ဘဝရော ပိုင်ဆိုင်မှုတွေရော အရာရာအားလုံးဆုံးရှုံးသွားမှာကို ကြောက်လို့နေပါတယ်။
“သစ္စာတရားဆိုတာ တန်ဖိုးကြီးတယ်။ သစ္စာရှိတဲ့လူကို ပေးတဲ့လခဆိုတာ ယှဉ်လိုက်ရင် နည်းနည်းလေးပါ” လို့ Jane က ဆိုပါတယ်။ Jane ဟာ သူမရဲ့ ချစ်သူအဖြစ် သစ္စာရှိရှိ ချစ်နေပေးဖို့အတွက် တစ်နှစ်ကို ဒေါ်လာ (၇၈,၀၀၀) ကို လခအဖြစ်ပေးကာ ငှားရမ်းဖို့ ခေါ်ထားကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ သူမရဲ့ ရည်းစားဖြစ်ခွင့်ရဖို့ ကိုယ်ရေးအကျဉ်းနဲ့တကွ လျှောက်ထားနိုင်ဖို့အတွက် website တစ်ခုကိုတောင် တည်ထောင်ထားတယ်လို့လည်း သိရပါတယ်။
အချစ် ဆိုတာ သိလား
Love Know?
I live in Myanmar.
အရမ်းမှားတဲ့ လုပ်ရပ်ပဲ
Wish you marry me
If a Ruhingya dare,what can be happen!
So what can be keep on to search,ok bad luck to reality
So cute
I like you from
Very perfect
Good
You Can see True love don’t worry