တရုတ်နိုင်ငံကမြောက်ပိုင်းက နဂါးအရိုးစုတွေ့ရှိမှု လူစိတ်ဝင်စားမှုများနေ

တရုတ်နိုင်ငံက ရွာတစ်ရွာမှာ နဂါးအရိုးစုကိုတွေ့ရှိခဲ့တာဖြစ်ပြီး ရုပ်ရှင်တွေထဲမှာ မြင်တွေရသလိုပါပဲ အပြင်မှာလဲ နဂါးဂြိုလ်နဲ့ ခြေတွေလက်တွေလဲပါနေပါတယ်။ဒီသတင်းဟာ လူစိတ်ဝင်စားမှုတော်တော်များနေပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း ၊ ရွာတစ်ရွာမှာ ပေ ၆၀ အရှည်ရှိတဲ့ နဂါးအရိုးစုလို့ခေါ်တဲ့ အရိုစုကြီးတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။တရုတ်ရိုးရာနဂါးတွေဟာ လေထဲမှာ အလိုက်သင့်စီးမျောကူးခတ်ကြပြီး အနောက်တိုင်းဒဏ္ဍာရီလာနဂါးများလို တောင်ပံမပါရှိပါဘူး။

တရုတ်နိုင်ငံမြောက်ပိုင်း ဟူပေပြည်နယ်၊ Zhangjiakou မြို့နေဒေသခံများကတော့ ဒီအရိုစုကြီးအပေါ် လေ့လာနေကြပြီး အယူသည်းသူအချို့ကတော့ ဒါဟာ နဂါးရိုးကြီးဖြစ်ကြောင်း အခိုင်အမာဆိုနေကြပါတယ်။ မြက်ခင်းပြင်တစ်လျှောက် ကြီးမားတဲ့ဦးခွံကြီးနဲ့ အတန်ငယ်သေးတဲ့ ဦးချိုနှစ်ချောင်းပါ အရိုးစုရှည်ကြီးကို ရွာသားတွေဒါဇင်နဲ့ချီပြီး ၀န်းရံကြည့်ရှုနေကြတဲ့ ဓာတ်ပုံနဲ့့ ဗီဒီယိုမှတ်တမ်းများ တရုတ်လူမှုကွန်ယက်စာမျက်နှာတွေထက်ပြန့်နှံ့လို့နေပါတယ်။

Zhangjiakou မှဒေသအာဏာပိုင်တွေကတော့ နဂါးရိုးလို့ခေါ်တဲ့ အဆိုပါ အရိုးစုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ကြေညာမှုတစ်စုံတစ်ရာမပြုလုပ်ရသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*