ကံကောင်းအောင် လိပ်ကိုရေကန်ထဲလွတ်လိုက်ကာမှ သက်ရှိပတ်ဝန်းကျင်ကိုအတော်လေးဒုက္ခပေးတတ်သည့်မျိုးစိပ်ဖြစ်နေ

လူတွေဟာ ဘိုးဘွားစဉ်ဆက်တစ်လျှောက် မွေးမြူထားကြတဲ့တိရစ္ဆာန်တွေကြီးထွားလာပြီဆိုရင် တောကြီးထဲကိုလွတ်ပေးပြီးနောက် ကုသိုလ်ယူကြတယ်ဆိုပေမဲ့လည်း အမှန်တကယ်တော့ အချို့သောအကောင်တွေက သက်ရှိပတ်ဝန်းကျင်ဖွဲ့စည်းတည်ဆောက်မှုကို အတော်လေးထိခိုက်ပျက်ဆီးစေလျက်ရှိနေပါတယ် ။

အထူးသဖြင့် မူရင်ဒေသခံမဟုတ်တဲ့တိရစ္ဆာန်တွေကတော့ ကျွန်ုပ်တို့ရဲ့အခြားသောတောရိုင်းတိရစ္ဆာန်များကိုပါ အတော်လေးထိခိုက်အန္တရာယ်ဖြစ်စေနိုင်ပါတယ် ။ အခြားသောတိရစ္ဆာန်တွေရဲ့ဘဝကိုတင်မဟုတ်သေးပါဘူး အပင်တွေနဲ့ အဏုဇီဝရုပ်တွေကိုပါ ဖျက်ဆီးနိုင်ကြပါတယ် ။ ဒါကြောင့်မို့ တိရစ္ဆာန်တွေတိုင်းကို ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူလွတ်ပေးလိုက်ခြင်းက မှန်ကန်တဲ့နည်းလမ်းမျိုးတော့မဟုတ်ပါဘူး ။

ဒီတစ်ခေါက်လည်း Twitter မှာအတော်လေးကိုရေပန်းစားနေခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ အဘိုးအဘွားအုပ်စုတစ်စုဟာ Alligator snapping turtle လို့ခေါ်တဲ့ အလွန်အန္တရာယ်ရှိလွန်းလှတဲ့ လိပ်မျိုးစိပ်တစ်ခုကို မလေးရှားနိုင်ငံမှာရှိတဲ့ Putrajaya ရေကန်အတွင်းသို့ လွတ်မြောက်ပေးနေတဲ့ရုပ်ပုံတွေဖြစ်ပါတယ် ။ မြင်ယောင်ကြည့်ပါအုံး တစ်စုံတစ်ယောက်က မတော်တဆအဲ့ရေကန်အတွင်းသို့ပြုတ်ကျသွားခဲ့ပြီး အဆိုပါလိပ်၏အနီးနားသို့ကျရောက်သွားခဲ့မယ်ဆိုရင်တော့ အတော်လေးကိုမတွေးဝံ့စရာပါပဲ ။ သို့ပေမဲ့လည်း အဆိုပါအဘိုးအဘွားတွေ လိပ်ကိုလွတ်ပေးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကံကောင်းခြင်းတွေရရှိလာဖို့အတွက်ကြောင့်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ Twitter ပေါ်မှာ အတော်လေးကိုရေပန်းစားသွားခဲ့ချိန်မှာတော့ လူအများစုကအဆိုပါလိပ်မျိုးစိပ်ကို လွတ်ပေးလိုက်ခြင်းက ဒေသရင်းအပင်များနှင့် ဒေသရင်းတိရစ္ဆာန်များကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် သက်ရှိပတ်ဝန်းကျင်နှင့် လုံးဝထိတွေ့ခွင့်မပေးသင့်သည့်တိရစ္ဆာန်မျျိုးစပ်ဖြစ်သောကြောင်း လူများစွာကပြစ်တင်ရှုံ့ချခဲ့ကြပါတယ် ။ ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် Cane toads လို့ခေါ်တဲ့ဖားမျိုးစိပ်တစ်ခုကို Australia သို့ခေါ်ဆောင်လာခဲ့သည့်အတွက် ကုန်နေရေနေတိရစ္ဆာန်များ ကူးစက်ရောဂါခံစားခဲ့ရပြီး အဆိပ်သင့်သွားခဲ့တဲ့အတွက် ဒေသရင်း သားရဲတိရစ္ဆာန်တွေရဲ့လုံးဝပျက်သုန်းသွားခဲ့ရသောကြောင့် မိမိသယ်ဆောင်လာခဲ့တဲ့သားရဲမျိုးစိပ်တွေကို ဘယ်လိုကြပ်မတ်သင့်သလဲဆိုတာ နားလည်သဘောပေါက်လောက်မှာပါ ။ Putrajaya မြို့ရှိတာဝန်ရှိသော အဖွဲ့အစည်းများကလည်း အဆိုပါကိစ္စရပ်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်းသိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*