
တရုတ်နိုင်ငံ တောင်ပေါ်မြို့လို့ တင်စားခေါ်ဝေါ်ကြတဲ့ Chongqing မြို့မှာ ရထားလမ်းရဲ့ တစ်စိတ်တစ်ဒေသဟာ လူနေတိုက်ခန်းကြီးတစ်ခုအတွင်းမှာ အလျှားလိုက် ဟိုဘက်သည်ဘက် ဖြန်သန်းတည်ဆောက်ထားတာကို ထူးဆန်းစွာ တွေ့ရပါ တယ်။
ဒီတည်ဆောက်မှုဟာ ဟိုဘက်သည်ဘက် တိုးလျှိုပေါက်ဥမင်တစ်ခုနဲ့ တူနေပြီး၊ ရထားဖြတ်သန်းသွားတဲ့အခါ ဆူညံမှုကို ထိန်းချုပ်နိုင်ဖို့ အသံထိန်းဝါရှာတွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ရထားလမ်းထည့်သွင်းတည်ဆောက်ထားတဲ့ အဆောက်ဦဟာ 19 ထပ်ပါဝင်တဲ့ လူနေအဆောက်ဦဖြစ်ပါတယ်။
အဲဒီအဆောက်ဦရဲ့ ခြောက်လွှာမှာ ရှစ်လွှာအထိဟာ Liziba Station ဘူတာဖြစ်ပြီး၊ အဆောက်ဦတွန်းကို ရထားဆိုက်ကပ်တာနဲ့ရထားစက်ခေါင်းမောင်းဟာ ဆူညံသံလျှော့ချထားတဲ့ ဂီယာစနစ်နဲ့ ခုတ်မောင်းတယ်လို့ သိရပါတယ်။ မြို့ခံလူအများစုဟာ ရထားပို့ဆောင်ရေးကို အဓိက အားထားကြတယ်လို့ ဆိုပါတယ်။
မြို့ခံပိုဆောင်ရေးသမားတစ်ဦးက ” ကျွန်တော်တို့မြို့ကတော့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အခက်အခဲရှိပါတယ် .. အခန်းမျက်နှာစာတွေကို စင်္ကြန်အဖြစ် အသုံးပြုရပြီး .. လမ်းတွေကလည်း ဒီလို ဖြစ်သလို ဖောက်ထားရပါတယ် … ဒါကလည်း စိန်ခေါ်မှုတစ်ရပ်ပါဘဲ ” လို့ ပြောခဲ့ပါတယ်။
Leave a Reply