ဂိမ်းစွဲနေတဲ့အမျိုးသားကို ကွာပြီး မင်္ဂလာဆောင်တုန်းက DJ သမားနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

အမျိုးသမီးတစ်ယောက်ဟာ (၂) နှစ်နီးပါး ပေါင်းသင်းလာတဲ့ အမျိုးသားကို ကွာရှင်းပြီး သူမတို့မင်္ဂလာဆောင်တုန်းက ဒီဂျေလုပ်ခဲ့တဲ့ အမျိုးသားနဲ့ ချစ်ကြိုက်လက်ထပ်ခဲ့ကြကြောင်း unilad သတင်းအရ သိရပါတယ်။ အဆိုပါအမျိုးသမီးဟာ မေရီလန်းပြည်နယ်နေ အသက်(၂၆) နှစ်အရွယ် မီဂန်ဝီလစ်စ်ဖြစ်ပါတယ်။


မီဂန်ရဲ့ ပထမအိမ်ထောင်ဟာ ဂိမ်းစွဲနေသူူတစ်ယောက် ဖြစ်ပါတယ်။ အချိန်ရှိသရွေ့ ဂိမ်းပဲ ကစားနေတဲ့အပြင် သူမကိုလည်း ဂရုမစိုက်တာကြောင့် မီဂန်ဟာ အိမ်ထောင်ရေးမှာ မပျော်ရွှင်ခဲ့ရပါဘူး။ ဒီအချိန်မှာပဲ မီဂန်ဟာ သူမရဲ့ညီမဖြစ်သူက မိတ်ဆက်ပေးလို့ မိတ်ဆွေဖြစ်ခဲ့တဲ့ အသက် (၄၉) နှစ်အရွယ် မာ့ခ်စတုန်းဆိုသူ အမျိုးသားကို သူမရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ဖွင့်ပြောဖြစ်ခဲ့ပါတယ်။


မီဂန်ရဲ့ မာ့ခ်ဟာ သိကျွမ်းလာတာ နည်းနည်းတော့ ကြာနေပါပြီ။ မကြာခဏဆိုသလို မီဂန်ဟာ သူငယ်ချင်းတွေနဲ့အတူ မာ့ခ်ဒီဂျေတီးခတ်ရာ စားသောက်ဆိုင်ကို လာလေ့ရှိပါတယ်။ လူချင်းတဖြည်းဖြည်း ရင်းနှီးလာတာကြောင့် မီဂန်ဟာ မမျှော်လင့်ပဲ သူမရဲ့ အိမ်ထောင်ရေးမှာ စိတ်ပျက်နေရပုံတွေကို ငြီးတွားဖြစ်ခဲ့တာဖြစ်ပါတယ်။ မီဂန်လိုပဲ မာ့ခ်ဟာလည်း သူ့အိမ်ထောင်ရေးမှာ အနည်းငယ် အဖုအထစ်လေးတွေ ဖြစ်နေခဲ့ပါတယ်။


မာ့ခ်ကလည်း အိမ်ထောင်ရှိတဲ့အပြင် အသက်(၁၉) နှစ်နဲ့ (၂၁) နှစ်စီရှိတဲ့ ကလေးနှစ်ယောက်လည်း ရှိပါတယ်။ ဒီလိုနဲ့ မီဂန်နဲ့ မာ့ခ်ဟာ တစ်ဦးနဲ့တစ်ဦး အတွင်းရေးပြဿနာတွေကို ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့ကြပါတယ်။ တစ်နေ့တော့ မီဂန်က သူမဟာ လင်ယောကျ်ားဖြစ်သူရဲ့ ဂရုစိုက်မှုကို ရရှိဖို့ အမြဲတမ်းအောက်ကျနောက်ကျခံပြီး လိုက်ပြောနေစရာမလိုတော့ဘူးလို့ မြင်လာပြီး ဂိမ်းစွဲနေတဲ့အမျိုးသားကို ကွာရှင်းခဲ့လိုက်ပါတယ်။ သိပ်မကြာခင် နောက်ထပ်(၈) လအကြာမှာပဲ မာ့ခ်ဟာလည်း အိမ်ထောင်ရေးအဆင်မပြေလို့ ကွဲလိုက်ပါတယ်။


မာ့ခ်နဲ့မီဂန်ဟာ အသီးသီး အိမ်ထောင်ကွဲသွားပြီးနောက်ပိုင်း ပိုပြီးရင်းနှီးလာခဲ့ကြပါတယ်။ နောက်ပိုင်း ချစ်ကြိုက်ခဲ့ကြပြီး နှစ်ဖက်မိသားစုဝင်တွေပါ တရားဝင်အသိပေးကာ ချက်ခြင်းဆိုသလိုပဲ လက်ထပ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ သူတို့နှစ်ဦးဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နေပါပြီ။ အစပိုင်းမှာတော့ လင်မယားနှစ်ယောက်ဟာ အသက်(၂၃) နှစ်ကွာဟနေတာကို စိုးရိမ်နေခဲ့ပေမယ် အခုဆိုရင်တော့ @wearemarkandmegan အမည်နဲ့ ဆိုရှယ်မီဒီယာပေ့ချ်တစ်ခုထောင်ပြီး လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့စုံတွဲတွေကြားက အသက်အရွယ်ကွာဟမှုစံနှုန်းတွေကို တိုက်ဖျက်လျက်ရှိကြောင်း သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*