မင်္ဂလာပွဲ၌ သတို့သားထွက်ပြေးသွားသဖြင့် သတို့သမီးက ပွဲတက်ဧည့်သည်အမျိုးသားနှင့် လက်ထပ်ထိမ်းမြားလိုက်

အိန္ဒိယနိုင်ငံ ကာနာတာကာပြည် နယ် ချီကမာဂါလူရူခရိုင် တာရီကီရီတာ လုခ်ကျေးရွာက မင်္ဂလာဧည့်ခံပွဲတစ်ခုမှာ နာဗင်းလို့ဆိုတဲ့ သတို့သားက မင်္ဂလာပွဲက နေထွက်ပြေးသွားခဲ့တာကြောင့် ဖြေမ ဆည်နိုင်ဖြစ်နေတဲ့သတို့သမီးဆင်ဒုအတွက် သတို့သမီးဘက်မှ မိသားစုက ပွဲ လာဧည့်သည်တွေထဲကနေ သင့်တော် တဲ့အမျိုးသားတစ်ဦးကို ရွေးချယ်ပြီး မင်္ဂလာပွဲကို ပြီးမြောက်စေခဲ့တယ်လို့သိရ ပါတယ်။

ပွဲလာတဲ့ဧည့်သည်တွေထဲက ချန်ဒရာပါဆိုတဲ့အမျိုးသားကို သတို့သမီး ဘက်က ဆွေမျိုးတွေက ရွေးချယ်လာခဲ့ ပြီး ချန်ဒရာပါကလည်း သတို့သမီးကို လက်ထပ်ထိမ်းမြားဖို့ သဘောတူခဲ့တာ ကြောင့် မင်္ဂလာပွဲကို သတို့သားပြောင်းပြီး ဆက်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အရေး ပေါ်ရှာတွေ့ခဲ့တဲ့ သတို့သားအသစ်ကျပ် ချွတ် ချန်ဒရာပါဘက်က မိသားစုဆွေမျိုး သားချင်းတွေကလည်း သတို့သမီးဆင်ဒုနဲ့ မမျှော်လင့်ဘဲ ရုတ်တရက်လက်ထပ်ထိမ်း မြားခဲ့တဲ့အပေါ် ကန့်ကွက်မှုမရှိဘဲ ဝမ်း မြောက်ဝမ်းသာ ချီးမြှောက်ပေးခဲ့ကြတယ် လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့သတို့ သားက အမေရိကမှာအလုပ်လုပ်ဖူးပြီး နိုင်ငံတကာကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲရေး အတိုင်ပင်ခံဖြစ်သလို သတို့သမီးကလည်း ဆရာဝန်ဘွဲ့ရထားသူဖြစ်တယ်လို့ သိရ ပါတယ်။ သတို့သား မင်္ဂလာပွဲကနေ ထွက် ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ နောက်ကွယ် ကအကြောင်းရင်းကိုတော့ ဖော်ပြခြင်းမ ရှိခဲ့ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*