ချစ်သူရည်းစား 15ယောက်ထားပြီး တစ်လကို မြန်မာငွေသိန်း140ဝန်းကျင်ရနေတဲ့ အမျိုးသား

လူတိုင်းလိုလို လုပ်ချင်တဲ့အလုပ်မျိုးက နေ့စဉ်နေ့တိုင်းတစ်မာရိုကျပုံမှန်လုပ်နေလေ့ရှိတဲ့ပျင်းဖို့ကောင်းတဲ့ အလုပ်မျိုးမဟုတ်ပါဘူး ။ ဒီတစ်ခေါက်မှာလည်း ဂျပန်နိုင်ငံက အသက်25နှစ်အရွယ်အမျိုးသားဟာ သူလုပ်ချင်တဲ့အလုပ်မျိုးကို လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့အလုပ်ကတော့ အငှါးချစ်သူကောင်လေးအလုပ်ဖြစ်ပြီး မိန်းကလေးတွေကတော့သူ့ကို အချိန်အလိုက်ငွေပေးချေရပါတယ် ။ ၎င်းအမျိုးသားဟာအလုပ်မှာ သတ်မှတ်ထားတဲ့တာဝန်ဝတ္တရားတွေတော့မရှိပဲ လက်ရှိမှာတော့ လက်ခံထားတဲ့ချစ်သူမိန်းကလေး 15ယောက်ရှိကာ အဆိုပါမိန်းကလေးများကလည်း၎င်းအမျိုးသား၏ဝန်ဆောင်မှုအတွက် သူအလုပ်လုပ်နေသည့်ကုမ္ပဏီသို့ ငွေပေးချေရကြောင်း သိရှိရပါတယ် ။

Japanese Internet TV station Abema TV မှ၎င်းအမျိုးသား၏အကြောင်းကို ရိုက်ကူးတင်ဆက်ပြသခဲ့ကြပြီး လူအများကတော့၎င်းအမျိုးသားကိုအတော်လေးအားကျနေခဲ့ကြပါတယ် ။ ထို့အပြင် ၎င်းအမျိုးသားဟာတစ်ပတ်တွင် 2ရက်သာချစ်သူမိန်းကလေးတွေနှင့်အတူရှိနေပေးရပြီး တစ်လကို 1 million yen (မြန်မာငွေ သိန်း 140 ဝန်းကျင်ခန့်) ဝင်ငွေရရှိနေကြောင်းလည်း သိရှိရပါတယ် ။ ထို့အပြင် ယခုအလုပ်ဟာ သူ့အတွက်အချိန်ပြည့်အလုပ်တွေလိုဖြစ်နေပြီး ဒီလုပ်ငန်မျိုးကို အသက် 18နှစ်အရွယ်ကတည်းက စပြီးလုပ်ကိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ယခုချိန်မှာတော့ ကိုယ့်ကိုယုံကြည်ချက်ပိုရှိနေခဲ့ပြီး ဒီလုပ်ငန်းမျိုးမှာပိုပြီးကိုယ့်အတွက် အလားအလာပိုရှိနေကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း မိန်းကလေးတွေတိုင်းနဲ့ချိန်တွေ့ဖို့ကိုတော့ လက်မခံဘဲ ၊ သတ်မှတ်ချက်အဆင့်များ ထားရှိထားကြောင်းလည်းသိရှိရပါတယ် ။

ထို့အပြင် သူအတွက်ချစ်သူရည်းစားဖြစ်ဖို့ အလားအလာရှိတဲ့အမျိုးသမီးများကိုလည်း ရုပ်ရည်များ နှင့် အဆင့်အတန်းမျိုးစုံဖြင့်ခွဲခြားထားပါသေးတယ် ။ မချိန်းတွေ့ခင်ကိုလည်း Grade 1, Grade 2, Grade 3 စသည်တို့ဖြင့် အရန်အဆင့်တွေထားရှိပြီးမှ ချိန်တွေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါတယ် ။ အစီအစဉ်ရိုက်ကူးရေးအဖွဲ့များကလည်း ၎င်းအမျိုးသားနှင့် ချိန်းတွေ့နေတာ 4နှစ်ခန့်ရှိနေပြီဖြစ်သော အမျိုးသမီးကိုလည်း ဖော်ပြခဲ့ပါသေးတယ် ။ သူမရဲ့ပြောဆိုချက်အရ အခြားကောင်လေးတွေမှာမရှိတဲ့ချစ်ဖို့ကောင်းတဲ့အပြုအမှုတွေ သူ့မှာသာရှိကြောင်းပြောဆိုခဲ့ပြီး သူနှင့်အတူရှိလျှင်အတော်လေးကိုပျော်ရွှင်ရပြီး မည်သည့်စိတ်ဖိစီးမှုမျိုးမှမရှိတော့ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

အဆိုပါအမျိုးသား၏ပြောဆိုချက်အရ ကောင်မလေးတွေကသူ့ကိုတွေ့ချင်လျှင် သူ့ကိုအချိန်ပိုကြေးပေးရပြီး ချိန်တွေ့နေစဉ်အတွင်းကုန်ကျစရိတ်များကိုလည်း မိန်းကလေးဖက်ကသာ အကုန်ပေးချေရကြောင်းလည်းပြောဆိုသွားခဲ့ပါတယ် ။ မကြာသေးခင်ကမှ မိန်းကလေးတစ်ယောက်က သူ့ကိုတစ်လ 1million yen ပေးမည်ဟုပြောပြီး သူမ လိုအပ်တဲ့အချိန်တိုင်းလာရောက်ပေးဖို့ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါမိန်းကလေး၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး ယခုလက်ရှိအလုပ်ကိုသာ အတော်လေးအားရကျေနပ်မိနေကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် ချစ်သူမိန်းကလေးတွေနဲ့ relationship တစ်ခုမှာ လိင်ကိစ္စတွေပါဝင်လားဆိုတာကိုတော့ ဖော်ပြထားခြင်းမျိုးမရှိပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*