ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ကြောက်စရာ အကောင်းဆုံး နေရာကြီးများ

ကမ္ဘာတစ်ဝှမ်းက အမိုက်ဆုံးနဲ့ ခြောက်ခြားစရာအကောင်းဆုံး အလည်အပတ်သွားရာ နေရာတွေအကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစရာအရာတွေကိုမှ ကြိုက်နှစ်သတ်သူတွေအတွက် မဖြစ်မနေသွားသင့်တဲ့နေရာတွေပဲဖြစ်လို့ လူအများကို ဆွဲဆောင်နေတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ကဲ ဘယ်နေရာကို အသွားချင်ဆုံးလဲဆိုတာ ကြည့်ကြည့်လိုက်ကြမယ်နော်။

(၁) ပေ ၅၀၀ မြင့်တဲ့ တံတား

တရုတ်ပြည်မှာတော့ လူတွေဟာ ထူးထူးခြားခြားဖြစ်ပြီး အသည်းအေးစရာ တံတားတွေကို နှစ်သက်ကြပါတယ်။ သင်တို့တတွေလည်း အဲဒီလို တံတားတွေအကြောင်း ကြားဖူး မြင်ဖူးကြပါလိမ့်မယ်။ အဲဒီအထဲကမှ အောက်အထိမြင်ရအောင် ပြုလုပ်ထားတဲ့ မှန်တံတားဆိုရင် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့တဝှမ်းက ခရီးသွားဧည့်သည်တွေ အမြောက်အများ လာရောက် လည်ပတ်ကြပါတယ်။ ဒါပေမဲ့ ဒီထက်ကောင်းတဲ့ ကြောက်စရာ အသည်းအေးစရာကောင်းတဲ့ တံတားတစ်ခုကို ရှာတွေ့ထားပါတယ်။ ဒီတံတားကို ဖြတ်ကျော်ဖို့ လူတွေကိုတော့ အာမခံ အသက်ကယ်ကြိုးတွေနဲ့ ကာကွယ်ပေးထားပါတယ်။ မီတာ ၂၀၀ အမြင့်မှာ စိတ်လှုပ်ရှားဖွယ် လမ်းလျောက်ဖို့အတွက် ပြင်ဆင်ပေးတဲ့ တံတားဖြစ်တဲ့အပြင် တခါတလေ ခုန်ကျော်မှ ရလောက်တဲ့ အကွာအဝေးတွေနဲ့ လည်း ဖန်တီးပေးထားပါတယ်။ တံတားပေါ်က ကြမ်းခင်းပြားတွေဟာဆိုရင် ၅၀ စင်တီမီတာကနေ ၁၂၀ စင်တီမီတာအကွာအထိ မတူညီတဲ့ အကွာအဝေးတွေနဲ့ ခြားပေးထားပါတယ်။

ဗီဒီယိုထဲမှာ ကြည့်မယ်ဆိုရင် အရမ်းကို လွယ်ကူနေတယ်လို့ ထင်ရပေးမယ့် တခါတလေ စိတ်ခိုင်တယ်လို့ ထင်ရတဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေတောင် အာရုံတွေ ထွေပြားပြီး အရှုံးပေးကြတတ်ပါတယ်။ ခြေလှမ်းတစ်ချက် မှားတာနဲ့ အောက်ကို ထိုးကျပြီး လေထဲ ပံျဝဲနေမှာပဲဖြစ်ပါတယ်။ လုံခြုံရေးကြိုးတွေကြောင့်တော့ အောက်ကျသွားမှာ မဟုတ်ပေမယ့် အတော်လေး ကြောက်စရာကောင်းတဲ့အတွေ့အကြုံရသွားမှာပါ။ တချို့တွေဟာ ဒီတံတားကို ဖြတ်ဖို့ ကြောက်ရွံတာကြောင့် အကူအညီတွေနဲ့ ဖြတ်သန်းကြည့်ကြပါတယ်။ တခါတလေလည်း ဖိနပ်တွေ ကျွတ်ကျတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ တံတားပေါ်မှာ ပေးတဲ့ အာမခံထဲမှာတော့ ဖိနပ်သစ် ပြန်ဝယ်ပေးတာမျိုး မပါဝင်လို့ တကယ်လို့ သွားဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အရံဖိနပ်တစ်ရံ ထည့်သွားဖို့ အကြံပေးပါရစေ။

(၂) ဟိုတယ်ခေါင်မိုးပေါ်က လျောစီးရထား

တကယ်လို့များ Las Vegas လတ်စ်ဗီးဂတ်မြို့ကြီးကို ရောက်ခဲ့ရင်တော့ စိတ်တက်ကြွလန်းဆန်းစေဖို့အတွက် ကာစီနိုဝိုင်းကြီးတွေမှာ အနည်းငယ်လောင်းကစားပြုလုပ်တာတို့ Hangover ဟန်ဂိုဗာ ရုပ်ရှင်တွေထဲကလို မူးရူးသောင်းကျန်းတဲ့ပုံစံမျိုးတွေအထိ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဒီလိုပုံစံမျိုးကို ကြိုက်နှစ်သက်သူမဟုတ်ဘဲ ဒီထက်ပိုပြီး ကြောက်စရာလန့်စရာမျိုး လိုချင်တဲ့သူဆိုရင်တော့ ဒီ Xscream ဆိုတဲ့ကစားနည်းကို စမ်းကြည့်သင့်ပါတယ်။ ဒါကတော့ ကမ္ဘာ့ပေါ်မှာ စိတ်လှုပ်ရှားစရာအပေးနိုင်ဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

စထရက်စ်တိုဖီရာ ဟိုတယ်ရဲ့ခေါင်မိုးပေါ်မှာ ရှိတဲ့ ဒီ Xscream ကတော့ ကလေးတွေ စီးတဲ့ လျောစီးရထားကို အခြေခံပြီး ပြုလုပ်ထားတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဟိုတယ်က အောက်ကို ကြည့်လိုက်ရင် အမြင့် ၂၆၄ မီတာလောက်ရှိတဲ့ အကြွင်းမဲ့ ဟင်းလင်းပြင်နဲ့ လတ်စ်ဗီးဂတ်မြို့ကြီးကို အပေါ်စီးကနေ မြင်တွေ့နိုင်မယ့် အနေအထားပဲ ဖြစ်ပါတယ်။ ဒီအမိုးဖွင့် ရထားပေါ်မှာတော့ လူ ၈ ဦးစီးလို့ရအောင် ပြင်ဆင်ပေးထားပြီး ဒီလျော်စီးကားဟာ သံလမ်းအတိုင်းအောက်ကို ရုတ်တရက် လျောဆင်းကျသွားတဲ့အချိန်မှာတော့ တော်တော်လေးသည်းထိတ်ရင်ဖိုဖြစ်စေမှာတော့ အမှန်ပါပဲ။ ဒီလျောစီးတာဟာ အချိန်နဲ့ ရပ်တန့်ပေးထားပြီးတော့ အပေါ်က မြောက်လိုက်၊ အောက်ကို လျောဆင်းလိုက်နဲ့ အကောင်းဆုံး ခံစားမှုတွေကို ပေးစွမ်းမှာပါ။ ကောင်းကင်ပေါ်ကို ထိုးတက်သွားလိုက် ချောက်ထဲကို နိမ့်ဆင်းလိုက် အခေါက်ပေါင်းများစွာ ပြုလုပ်ပေးမှာဖြစ်လို့ အသည်းအေးဖို့သာ ပြင်ထားလိုက်ပါတော့။

(၃) မီးတောင် စကိတ်စီးနင်းခြင်း

လူတိုင်းကတော့ ပုံမှန် ရေလွှာလျောစီးတဲ့အကြောင်းကို သိကြမှာပါ။ ဒါပေမဲ့ မီးတောင်ထဲမှာ လျောစီးတယ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ ဒီမေးခွန်းအတွက် အဖြေကတော့ ခုဖော်ပြပေးသွားပါမယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့အားကစားနည်းတွေကို နှစ်သက်တဲ့သူတွေကတော့ ဒီမီးတောင်ရှင်ရဲ့ အပေါ်ကနေ လျောဆင်းပြသွားမှာပဲ ဖြစ်ပါတယ်။ နီကာလာဂွာလို့ခေါ်တဲ့ ဒီတောင်ကြောဟာ ၇၂၉ မီတာအထိ အမြင့်ရှိပါတယ်။ နှစ်ပေါင်း ၁၅၀ ကျော်လောက် သက်တမ်းရှိတဲ့ ဒီမီးတောင်ရှင်ဟာ ၂၃ ကြိမ်လောက် ပေါက်ကွဲခဲ့ဖူးပြီးတော့ နောက်ဆုံးပေါက်ကွဲခဲ့တဲ့အချိန်ဟာ နှစ်ပေါင်း ၂၀ နီးပါးရှိနေပါပြီ။

ဒီမီးတောင်ရဲ့ကျောက်မီးသွေးအလွှာအောက်ကနေ မီးတောင်ရဲ့အပူရှိန်ကို ခံစားနိုင်ပြီးတော့ တခါတလေဆိုရင် ကျောက်စရစ်ခဲကို ကိုင်တွယ်လို့တောင် မရအောင် အပူချိန်ပြင်းထန်ပါတယ်။ ဒီလျောစီး အားကစားသမားတွေကတော့ သာမန် သတ္တုနဲ့သစ်သားကို ပေါင်းစပ်ပြုလုပ်ထားတဲ့ သူတို့ရဲ့ဘုတ်ပြားတွေကို ကြိုးတွေနဲ့ ခိုင်အောင်ချည်ပြီး စီးနင်းကြတာပဲဖြစ်ပါတယ်။ ဒီမီးတောင်ဆင်ခြေလျောရဲ့ထောင့်ဟာ ၄၅ ဒီဂရီလောက်ရှိနေတာကြောင့် တစ်နာရီကို ၈၆ ကီလိုမီတာအရှိန်အထိ မြန်လာနိုင်ပါတယ်။ ဘုတ်ပြားစီးနင်းသူတွေဟာ တောင်ကုန်းဆင်းအတိုင်း အမြန်နှုန်းနဲ့ စီးနင်းမှုကြောင့်တော့ မြေကြီးခဲတွေနဲ့ကျောက်တုံးတွေနဲ့ထိကာ အသားလောင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

(၄) သည်းထိတ်ရင်ဖို ရိုလာကိုစတာ

စပိန်နိုင်ငံက ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ Furius Baco ရိုလာကိုစတာကတော့ သူ့နည်းသူဟန်နဲ့ ထူးခြားနေပါတယ်။ ဒီရိုလာကိုစတာဟာ ဥရောပမှာတော့ ၂၀၀၉ ခုနှစ်က အမြန်ဆုံး ရိုလာကိုစတာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအံအားသင့်စရာ ကစားစရာကတော့ ခံစားမှု အစွန်းရောက်အောင် ခံစားချင်တဲ့ ပရိသတ်တွေကို အကြိုက်တွေ့ စေမှာ အမှန်ပါပဲ။ မီတာ ၈၅၀ ကိုတော့ စီးနင်းသူတွေဟာ အရှိန်နဲ့ ဖြတ်သန်းရပြီးတော့ ဥမင်လှိုဏ်ခေါင်းကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းရပါတယ်။

ဒါ့အပြင်နံရံတွေကိုလည်း ဇောက်ထိုးမိုးမျှော် ဖြတ်ရပြီး ရေကန်တွေကိုအပေါ်မှာလည်း ဖြတ်ရပါတယ်။ ဒီရိုလာကိုစကိုကိုတော့ ဆောက်လုပ်သူတွေဟာ အနည်းငယ် ပြောင်းလဲပြီး မတူညီတဲ့အရာတွေ ထည့်သွင်း ဆောက်လုပ်ထားတာကြောင့် လူတွေဟာ လေပေါ်မှာ ပျံသန်းနေရသလို ခံစားရနိုင်ပါတယ်။ ၁၂ နှစ်ကြာအောင် တည်ရှိနေတဲ့ Furius Baco ရိုလာကိုစတာကြီးပေါ်မှာ ခရီးသွား ဘယ်နှစ်ယောက်လောက် ထိတ်လန့်အံ့အားသင့်စရာတွေ ကြုံတွေ့ခဲ့ကြသလဲဆိုတာ စဉ်းစားလို့တောင် မရနိုင်ပါဘူး။

(၅) မြန်နှုန်းမြင့် ကြိုးလျောစီးခြင်း

နက်ရှိုင်းတဲ့ချောက်တစ်ခုပေါ်က ပျံသန်းရတာဟာ အတော်လေး ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုသည်းထိတ်ရင်ဖို ကစားနည်းကိုတော့ ဝေးလ်နိုင်ငံမှာ စမ်းသပ်လို့ ရပါတယ်။ ဒီပျံသန်းတဲ့ဂိမ်းကို သင်ပေးတဲ့သူတွေဟာ မကစားခင် လုံခြုံရေးခါးပတ်တွေ သေချာချည်နှောင်ပေးမှာ ဖြစ်ပြီးတော့ ဘယ်ဟာကို ကိုင်ထားရမလဲဆိုတာကို အရင်ဆုံး ပြောပြပေးပါတယ်။

ခုလို ပျံသန်းဖို့ အထူးပြုလုပ်ပေးထားတဲ့ ဝတ်စုံနဲ့အတူ ခေါင်းဆောင်းတစ်ခုလည်း ပါတာကြောင့် ထိခိုက်ဒဏ်ရာ ရမှာတွေ ပူစရာမလိုပါဘူး။ ဒီလို ဆိုင်းကြိုးတွေနဲ့ ပျံသန်းတဲ့အရှိန်ဟာ တစ်နာရီကို ၁၆၁ ကီလိုမီတာလောက်ရှိတာကြောင့် မျက်လုံးတွေ ခံနိုင်ဖို့ လုံခြုံရေးမျက်မှန်တွေကို မဖြစ်မနေဝတ်ဆင်ထားရပါတယ်။ ဒီတောင်ပေါ်ကနေ ပျံသန်းတဲ့ ခရီးစဉ်တစ်ခုလုံးဟာ တစ်မိနစ်တောင် မကြာတာကြောင့် ရှုခင်းတွေကြည့်ဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။

(၆)ကြိုးတန်းပေါ်က ရိုလာကိုစတာ

ဒါကတော့ တွန်းလှည်းနဲ့ ရိုလာကိုစတာကို ပေါင်းစပ်ဖန်တီးထားတဲ့ ကစားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီကစားနည်းကို သစ်တောထဲမှာ ပြုလုပ်ဖန်တီးပေးလိုက်တဲ့အခါမှတော့ ကမ္ဘာလှည့်ခရီးသည်တွေအကြိုက် ဖြစ်လာပါတော့တယ်။ ဒီကစားနည်းမှာက အရှိန်ရလာတာနဲ့အမျှ နှလုံးတုန်ချင်စရာကောင်းတဲ့ အခိုက်အတန့်တွေ အများအပြားကြုံရမှာလည်း ဖြစ်ပါတယ်။ လမ်းကြောင်းကိုတော့ သေသေချာချာ တွက်ချက်ပြီးသတ်မှတ်ပေးထားတာဖြစ်လို့ သင့်အနေနဲ့ ကြိုက်သလိုလှုပ်ရှားနေလို့ ရသလို တစ်ဦးတစ်ယောက်မှာလည်း ထိခိုက်ခဲ့ဖူးခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ခေါင်းကို ထိခိုက်မှာဆိုးတဲ့အတွက် တောင့်တောင့်တင်းတင်း ခေါင်းဆောင်းတစ်ခုကို ပေးထားမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း အရှိန်မြန်လာတဲ့အခါမျိုးတွေမှာလည်း အနိမ့်အမြင့်အတက်အကျဟာလည်း ကြောက်စရာကောင်းအောင် မြန်ဆန်နေတာဖြစ်တာကြောင့် နှလုံးတွေ ခုန်ပေါက်ထွက်ကျမတတ် စိတ်လှုပ်ရှားမှုတွေ ခံစားရမှာပါ။

(၇) လေပေါ်မှာ လွှဲတဲ့ စကိုင်းကိုစတာ

ဒီစကိုင်းကိုစတာကြီးရဲ့အမြင့်ဟာ မြေပြင်ကနေ မီတာ ၃၀ လောက်ရှိပါတယ်။ ဒီကစားနည်းကတော့ အထူးပြုလုပ်ထားတဲ့ စက်ယန္တရားတွေအကူအညီနဲ့ ပြင်ဆင်ထားပြီး လူတွေကို မြောက်တက်သွားအောင် ဆွဲမသွားပြီးနောက် ပြန်လွှတ်ချပေးတာပါ။ ဂေါ့ချ် ကမ်းပါးစွန်းအပေါ်က အလွတ်ခုန်ဆင်းတဲ့ အတွေ့အကြုံတွေကို လုံးဝ မျှော်လင့်မထားတဲ့ အခိုက်အတန့်ကနေ ခံစားရမှာပါ။

ဒီလို အလွတ်ခုန်ချတယ်ဆိုပေမယ့် ဘေးအန္တရယ် ကင်းစင်ဖို့အတွက် အလွန်ခိုင်မာတဲ့ စတီးကေဘယ်ကြိုးတွေနဲ့ ဆိုင်းပေးထားပါတယ်။ ဒီဆိုင်းကြိုးနဲ့အတူ ချောက်ကမ်းပါးစွန်းအပေါ်ကနေ လွှဲပေးထားတဲ့ အရှိန်ကတော့ တစ်နာရီကို ၈၀ ကီလိုမီတာရှိပါတယ်။

(၈) ဟွာရှန်းတောင်တက်ခရီးစဉ်

တကယ်လို့ သင်အနေနဲ့ စိတ်လှုပ်ရှားစရာတွေကိုပဲ ရှာဖွေနေတယ်ဆိုရင် ဒီပြင်းထန်တဲ့ အားကစားနည်းတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံ ဟွာရှန်းတောင်တက်ခရီးစဉ်က သင့်အတွက် အပြီးပြည့်စုံဆုံး အရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားက သတ္တိကောင်းသူတွေ အားလုံးဟာ ဒီနေရာကို လာကြပြီး သူတို့ရဲ့ရဲစွမ်းသတ္တိရှိကြောင်း လာရောက်သက်သေပြကြပြီးတော့ တစ်ချို့သူတွေကတော့ အမြင့်ကြောက်တဲ့စိတ်ကို လာရောက် ဖယ်ရှားကြနာလည်း ဖြစ်ပါတယ်။ တကယ်လို့ ဒီတောင်တက်လမ်းကို လျှောက်နိုင်ခဲ့တယ်ဆိုရင်တော့ သင့်ရဲ့ အမြင့်ကြောက်ရွံစိတ်တွေကို တစ်သက်လုံး ဖယ်ရှားသွားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလမ်းတွေဟာ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်ကနေ ဖောက်လုပ်ထားတာဖြစ်လို့ တက်ဖို့အတွက် အလွန် ခက်ခဲပါတယ်။ ဒီနေရာမှာတော့ လက်ကိုင်ကွင်းတွေနဲ့ လက်ရန်းတွေ တစ်ခုမှ ဆောက်လုပ်ပေးထားတာ မရှိဘဲ ကျောက်တုံးရယ်၊ ပျဉ်ချပ်ရယ်၊ သံစူးရယ် ကြိုးတွေနဲ့ မက်စောက်တဲ့ကျောက်တုံးရယ်က လွဲပြီး ဘာမှကိုင်တွယ်စရာမရှိပါဘူး။

ဒီကို လာရောက်တဲ့ ဧည့်သည်တိုင်းဟာ ဘေးအန္တရာယ်ကင်းအောင် ကိရိယာတွေ ဝတ်ဆင်ကြရပါတယ်။ ပြီးတော့ ဒီလို အရမ်းအန္တရာယ်များတဲ့ တောင်တက်လမ်းကိုလည်း နှစ်စဉ်နှစ်တိုင်း ခရီးသွားဧည့်သည်တွေ လာရောက်မှု အင်မတန်များပါတယ်။ ဒါကြောင့် ဒီနေရာမှာ ရှိတဲ့အရာမှန်သမျှ အကုန်ဘေးကင်းတယ်လို့ ယူဆလို့ ရပါတယ်။ ဒါ့အပြင် ခု ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေထဲမှာ မြင်တွေ့ရတဲ့ ကြိုးတွေနဲ့ သံကွင်းတွေကိုလည်း တောင်စောင်းတစ်လျှောက် မကြာသေးခင်ကမှ တပ်ဆင်ထားတာပါ။ ဟိုးအရင်က ဟွာရှန်းတောင်ကိုတော့ ဒီအတိုင်း လက်ဗလာ တက်ကြရတာဖြစ်ပြီးတော့ တကယ့်ကို အန္တရာယ်များပြားပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*