လူအများစုမသိနိုင်သေးတဲ့ အချိုမှုန့်ရဲ့ နောက်ခံသမိုင်းကြောင်း

အချိုမှုန့်တဲ့။ မြန်မာအခေါ်အဝေါ်ပေါ့။ ဓာတုဗေဒနည်းအရခေါ်မယ်ဆိုရင်တော့ Monosodium glutamate လို့ခေါ်ပါတယ်။ထုတ်ပေါ်ပုံဖော်မြူလာအရတော့ C5H8NO4Na ပါတဲ့။ အင်္ဂလိပ်လိုအတိုကောက်ကတော့ MSG လို့ခေါ်ပြန်တယ်။ (ရပ်ကွက်စကားအရဆိုရင်တော့ အာဂျီနိုမိုတိုပေါ့)စာဖတ်သူတွေသိကြပါတယ်။ အချိုမှုန့် ကိုအရင်ကဆို နေ့စဉ်စားသုံးခဲ့ကြဖူးတယ်။နောက် ရောဂါဖြစ်စေနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေထွက်လာတော့ တချို့တွေကလုံးဝမစားကြတော့ဘူး။တချို့တွေကျတော့လည်း မပါမဖြစ် ထည့်ပြီး စားနေကြတုန်း။အဲ့လောက်တော့ သိခဲ့ကြပါတယ်။ အခုပြောပြမှာတွေကိုတော့ သိပြီးတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလည်း ရှိကြပါတယ်။အဓိကပြောပြချင်တာကတော့ အချိုမှုန့်ကိုဘယ်သူတီထွင်ခဲ့သလည်း၊ ဘယ်လိုပျံ့နှံ့လာခဲ့သလည်း ဆိုတာကိုဝေမျှပေးလိုက်ပါတယ်။

(၁) အချိုမှုန့်ကိုဘယ်သူတီထွင်ခဲ့သလည်း?

ဂျပန်နိုင်ငံမှာရှိတဲ့ တိုကျိုအင်ပါယာတက္ကသိုလ်(နောက်များမှာတော့ တိုကျိုတက္ကသိုလ်လို့ဘဲခေါ်ကြပါတော့တယ်)က ဓာတုဗေဒပါမောက္ခ Kikunae Ikeda ဆိုသူက တီထွင်ခဲ့ပါတယ်။ ဓာတုဗေဒဘာသာရပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို လက်တွေ့လေ့လာမှု့ပြုလုပ်နေတဲ့အချိန် ပင်လယ်ကျောက်ပွင့်စွပ်ပြုတ် ရဲ့ အစိတ်အပိုင်းတွေကို စတင်ဖြိုခွဲနေရင်းနဲ့မှ သူ့ရဲ့အကြီးမားဆုံးသော ထိုးဖောက်မှု့တစ်ရပ်အဖြစ် စတင်တွေ့ရှိခဲ့ပါတယ်။သူရှာဖွေတွေ့ရှိခဲ့တဲ့ အရာကိုထပ်မံလေ့လာနေတုန်းမှာဘဲ အဲ့ဒီဒြပ်ပေါင်းက အရသာရှိတာကို သူသိလိုက်ရပါပြီးတဲ့နောက် လူသားတွေအနေနဲ့ ချို၊ ချဉ် ၊ ငန် ၊ခါး အရသာတွေကိုတခါထဲ ရရှိမယ့်အရာဖြစ်နိုင်တယ်ဆိုတဲ့ အတွေးရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် သူဂျာမနီနိုင်ငံမှာ ပညာသင်ယူနေတုန်း ခရမ်းချဉ်သီး နှင့် ကညွတ်တို့ဟာ သူရှာဖွေတွေ့ရှိခဲ့ဖူးတဲ့ ပင်လယ်ကျောက်ပွင့်ရဲ့ အရသာကိုသွားပြီးသတိရစေခဲ့တာကြောင့် အချို့သော အရာတွေကိုသူထုတ်ထုပ်ခဲ့ပါတယ်။သူအလုပ်ကတော့ အချက်အပြုတ်နှင့်တော့ မဆိုင်ပါဘူး။သို့သော်လည်း သူ့ရဲ့လေ့လာမှု့က အရသာရယ် အစာချေဖျက်မှု့ရယ်နဲ့ နောက်ဆုံး ကျန်းမာရေးကောင်မွန်ဖို့ရယ်အထိပါ ပေါင်းစည်းနေတယ်ဆိုတဲ့အထိ သူ့ကိုဆွဲဆောင်သွားခဲ့တာဖြစ်ပါတယ်။

(၂) စားသုံးသူတွေကြားထဲ ဘယ်လို ပျံ့နှံ့လာခဲ့သလည်း?

အချိုမှုန့်ကိုရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာ့ဟင်းချက်လောကရဲ့စျေးကွက်ထဲကို စစ်ပွဲသဖွယ်ဝုန်းဒိုင်းဝင်ရောက်ခဲ့ပြီး ရင်းနှီးမြုပ်နှံသူတွေလည်း ရှိခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့ စတင်ပြီးတော့ စျေးကွက်ကိုချပြခဲ့တာကတော့ လူတွေအကုန်သိကြတဲ့ Ajinomoto (အာဂျီနိုမိုတို) ဖြစ်ပြီး ကုမ္ပဏီအနေနဲ့ကလည်း တကယ်ကို ကြီးမားတဲ့ ရောင်းအားရအောင် ကြိုးစားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာဘဲ စားသောက်ကုန်ထုတ်လုပ်သူတွေနဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက ဂျပန်လူလတ်တန်းစားတွေကို ပစ်မှတ်ထားပြီးတော့ ခေတ်ပေါ်အစားအစာတွေအတွက် သိပ္ပံထုတ်ကုန်ဖြစ်တဲ့ အချိုမှုန့်ကိုစတင်သုံးစွဲခဲ့ပါတော့တယ်။ပုလင်းလှလှလေးတွေနဲ့ စျေးကွက်မှာ အိမ်ရှင်မတွေမျက်စိကျအောင် ဆွဲဆောင် ရောင်းချခဲ့ကြပြီးတဲ့နောက်မှာတော့ ဂျပန်နိုင်ငံ ရဲ့ အဓိက နေရာမှာတဖြည်ဖြည်းနဲ့ ပါ၀င်လာခဲ့ပါတော့တယ်။

ဆက်လက်ပြီးတော့ Ajinomoto ကဘဲ တရုတ်နိုင်ငံစျေးကွက်မှာ ထပ်မံပြီးတော့ အားစိုက်ခဲ့ပြန်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အရသာရှိတဲ့ပစ္စည်းတစ်ခုအဖြစ်နဲ့ လူမသိကြဘဲ ဂျပန်နိုင်ငံရဲ့ နယ်ချဲ့စီးပွားရေးပစ္စည်းတစ်ခုအဖြစ်နဲ့သာလူသိများခဲ့ကြပါတယ်။ဒါကြောင့်မို့လို့ တရုတ်နိုင်ငံရဲ့ထုတ်ကုန်ပစ္စည်းတွေအောက်မှာလည်ပတ်နေတဲ့ စားသောက်ကုန်စျေးကွက်မှာ ချယ်လှယ်နိုင်ဖို့အတွက် ၁၉၂၀ ခုနှစ်များတစ်လျှောက် ထပ်မံပြီးတော့ အားစိုက်ကာရင်းနှီးမြုပ်နှံခဲ့ပြန်ပါတယ်။အမေရိကစျေးကွက်ကိုချယ်လှယ်နိုင်ဖို့အတွက် နောက်ထပ်မတူညီတဲ့နည်းလမ်းနဲ့ ထပ်မံပြီးတော့ ကြိုးစားခဲ့ပြန်ပါတယ်။ အမေရိကန်နိုင်ငံ အိမ်ရှင်မတွေရဲ့စိတ်ကိုတော့ ဂျပန်နိုင်ငံမှာ နာမည်ကြီးခဲ့တဲ့ စျေးကွက်ချဲ့ထွင်ခြင်းနည်းလမ်းကတော့ အကျိုးသက်ရောက်မှု့မရှိခဲ့ပါဘူး။

ဘာလို့လည်းဆိုတော့ အမေရိက ကို အချိုမှုန့်တွေ အလုံးအရင်းနဲ့ ပို့ဆောင်ပြီးတဲ့အချိန်မှာဘဲ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့တာကြောင့်ဘဲဖြစ်ပါတယ်။သို့သော်လည်း တပ်မတော်ရိက္ခာ အနေနဲ့ ထောက်ပံ့ရတဲ့ တခါစားဗူးတွေ၊ ငါးသေတ္တာတွေနဲ့ အခြားသောတာရှည်ခံ အစားအစာတွေဟာ စစ်ကြီး ဖြစ်ပွားတဲ့အတောအတွင်းမှာ အဓိကစားသောက်ကုန်ဖြစ်လာတဲ့အခါမှာတော့ အချိုမှုန့်ထုတ်လုပ်တဲ့သူတွေဟာ စျေးပေါပေါနဲ့ထုတ်လုပ်ခဲ့ပြီး လူတချို့ကိုကတယ်ကိုစားသုံးချင်စိတ်ပေါက်အောင်ပြုလုပ်ရောင်းချခဲ့ပါသေးတယ်။လုံးဝကိုမပျက်စီးနိုင်တဲ့ ပြည်တွင်းစီးပွားရေးစျေးကွက်ထဲမှာတော့ အချိုမှုန့်ဟာ တကယ်ကို စီးပွားရေးစနစ်အတွက် အရေးပါဆုံး အပိုင်းတစ်ခုဖြစ်ခဲ့ပြီး Campbell’s ကဲ့သို့သော ကုမ္ပဏီမျိုးဖြင့်စတင်အောင်မြင်ခဲ့ပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*