(၅)မိုင်ခရီး နေ့တိုင်းလျှောက်ပြီး တပည့်တွေအတွက် အခမဲ့နေ့လည်စာ ပို့ပေးနေတဲ့ ဆရာ

သူရဲကောင်းဆိုတာ ဝတ်စုံရှိပြီး စူပါစွမ်းအားတွေရှိမှမဟုတ်ပါဘူး။ ဒါကို သက်သေပြခဲ့တဲ့ ကျောင်းဆရာတစ်ယောက်အကြောင်းကို Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို ကိုးကားပြီး ပြောပြချင်ပါတယ်။ England နိုင်ငံက ကျောင်းဆရာတစ်ယေက်ဟာ သူ့ကျောင်းသား ၇၈ ယောက်အတွက် နေ့စဉ်နေ့လည်စာအတွက် ပေါင်လေးဆယ်ကျော်လေးတဲ့ နေ့လည်စာထုပ်တွေကို ကျောပိုးအိတ်နဲ့လွယ်ပြီး ၅ မိုင်ခန့်ခရီးကို နေ့စဉ်လေမ်းလျှောက်နေရကြောင်း သိရပါတယ်။

အဆိုပါ ကျောင်းဆရာကတော့ Zane Powles ဖြစ်ပြီး England နိုင်ငံ၊ Grimsby မြို့ရှိ Western Primary School မှာ လက်ထောက်ကျောင်းအုပ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ရောဂါကြောင့် ကျောင်းတွေအကုန်လုံးပိတ်ထားရတာကြောင့် Zane ဟာ ကျောင်းသားတွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် အခုလို လုပ်နေရတာဖြစ်ကြောင်း သိရပါတယ်။

ကျောင်းသားတွေ စာလုပ်တဲ့အခါမှာ အခက်အခဲ ဖြစ်ရင်လည်း Zane ဟာ အိမ်မှာ တစ်ခါတည်း ရှင်းပြလေ့ရှိကြောင်း သိရပါတယ်။ Zane ဟာ ကျောင်းသားတွေအတွက် နေ့စဉ်နေ့လည်စာစားသောက်ဖို့ ပေါင်း ၄၀ ကျော်လေးတဲ့ Lunch Boxes တွေကိုလည်း ကျောပိုးအိတ်နဲ့ အပြည့် ထည့်သွားလေ့ရှိပါတယ်။
“ ဒီလိုအချိန်က ကလေးတွေတော်တော်များများပျင်းနေကြမှာလေ။ နေ့စဉ်အိမ်မှာ ချည်းပဲနေနေရတော့ ကလေးတွေအတွက်အဖော်ရအောင် ကျွန်တော် ဒီလို လုပ်တာပဲ ဖြစ်ပါတယ်။ သူတို့လေးတွေ ကြိုက်တတ်တဲ့ဟာတွေကိုလည်း ဝယ်သွားလေ့ရှိပါတယ်။ ကျောင်းမလာရတော့ သူတို့ ပျင်းနေကြတာတော့ အမှန်ပဲ။ ကျွန်တော့်ကိုတွေ့တိုင်း ကျောင်းဘယ်တော့ပြန်ဖွင့်မှာလဲဆိုတာပဲ မေးနေကြတယ်” လို့ Zane က ပြောာကားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.

*