တစ်ညလုံး သီချင်းနားထောင်ပြီး အိပ်စက်ခဲ့လို့ ဖုန်းပေါက်ကွဲကာ ဦးခေါင်းကွဲကြေပြီးသေဆုံးသွားခဲ့ရတဲ့ မိန်းကလေး

အသက် 14နှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ ဖုန်းကိုတစ်ညလုံးသူမ၏အနီးတွင်ထားပြီးအားသွင်းထားကာ သီချင်းနားထောင်နေခဲ့တဲ့အတွက် ဖုန်းပေါက်ကွဲသွားခဲ့ပြီး သူမ၏ဦးခေါင်းတွင်လည်းဒဏ်ရာများစွာရရှိခဲ့ကာ သေဆုံးသွားခဲ့ရပါတယ် ။ Kazakhstan နိုင်ငံမှာနေထိုင်တဲ့ Alua Asetkyzy Abzalbek အမည်ရှိတဲ့ကောင်မလေးဟာ အားသွင်းထားတဲ့ဖုန်းနဲ့ တစ်ညလုံးသီချင်းဖွင့်ပြီးအိပ်ရာဝင်သွားခဲ့တာပါ ။

သူမ၏ဆွေမျိုးတော်စပ်သူက သူမကိုသေဆုံးလျက်တွေ့ရှိခဲ့တဲ့အတွက် ဆေးဖက်အကူများကိုအကြောင်းကြားပြီး အကူအညီတောင်းခံခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ သူမ၏ဖုန်းကိုတစ်ညလုံးအားသွင်းထားခဲ့တဲ့အတွက် ဖုန်းရဲ့ဘက်ထရီက မနက်ခင်းမှာမှထပြီးပေါက်ကွဲသွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမဖုန်းရဲ့ တံဆိပ်အမျိုးအစားကိုတော့ ဖော်ပြထားခြင်းမျိုးမရှိပါဘူး ။

သူမရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ ” ငါအခုထိမယုံနိုင်သေးဘူး ၊ နင်က အကောင်းဆုံးပဲ ၊ ငါတို့ကလေးဘဝကတည်းက အတူတူရှိနေခဲ့ကြတာလေ ၊ နင်မရှိတော့ အတော်လေးကိုခက်ခဲတယ် ၊ ငါနင့်ကို အရမ်းသတိရတယ် ၊ နင်ငါ့ကို တစ်သက်လုံးအပြီးတိုင်ထားခဲ့ပြီပဲ ” ဆိုပြီးသူမရဲ့ facebook မှာရေးသားထားခဲ့ပါတယ် ။

ဒီလိုမတော်တဆမှုမျိုးကတော့ လူတိုင်းလိုလိုမှာဖြစ်သွားနိုင်ပါတယ် ။ သင့်အထင်မှာတော့ ငါလည်းတစ်ညလုံးဖုန်းအားသွင်းတာပဲဆိုပြီဘားမှမဖြစ်ပါဘူးလို့ထင်နေပေမဲ့လည်း အန္တရာယ်ဆိုတဲ့အရာက ကြိုတင်မမြင်နိုင်ပါဘူး ။ အထူးသဖြင့် တစ်ညလုံးဖုန်းအားသွင်းဖြစ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့အဝေးမှာသာထားပြီး သွင်းသင့်ပါတယ် ။ ထို့အပြင် ဖုန်းအားသွင်းနေတုန်းဖုန်းကို လုံးဝအသုံးမပြုသင့်ပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*